Thursday, April 20, 2017

ချစ်လို့ မုန်းခဲ့သည်


ချစ်လို့ မုန်းခဲ့သည်

ကျွန်မဘဝရဲ့ မကောင်းခဲ့တဲ့အတိတ်ကံကြောင့် ကျွန်မချစ်သော မောင့်ကိုစွန့်လွှတ်ခဲ့တာပါမောင်ရယ်...
ဖြူစင်လွန်းတဲ့ မောင့်ရဲ့အချစ်တွေကို မသန့်ရှင်းခဲ့တဲ့ ကျွန်မဟာ မခံယူဝံပါဘူးမောင်ရယ်..... ကျွန်မကြောင့် မောင်ဘဝလေး ညိူးငယ်မှာ မောင်ဂုဏ်ငယ်သွားမှာကို ကျွန်မအရမ်းကြောက်တယ်မောင်ရယ်....မောင့်ကိုကျွန်မချစ်ပါတယ်... ကျွန်မချစ်လွန်းလို့လဲ ဒီလိုလုပ်ခဲ့တာပေါ့မောင်ရယ်... မောင်ကျွန်မကို နားလည်းပေးပါမောင်ရယ်... ပါပြင်ကမျက်ရည်တွေက မောင်နဲ့ပတ်သတ်မှ ကျတက်လာတာပါမောင်ရယ်... ကျွန်မကို မိန်းမပျက် ...မကောင်းတဲ့မိန်းမ ဘယ်လိုပဲလူတွေခေါ်ခေါ် ကျွန်မချစ်တဲ့မောင့်ကို မိန်းမပျက်ယောကျာၤး.. မကောင်းတဲ့ကောင်မလင် ဆိုတဲ့စကားတွေနဲ့ လူတွေဝိုင်းပြောမှာကိုမလိုလားဘူး မောင်ရယ်..
“နွေ... မောင့်မှာဘာအပြစ်ရှိလို့လဲ” လို့မောင်မေးခဲ့တယ် အပြစ်ရှိတာမောင်မဟုတ်ပါဘူး... အပြစ်ရှိသူက ကျွန်မပါမောင်ရယ် .....“မောင် အားလုံးကိုရင်ဆိုင်ရဲတယ် နွေ” ဒီစကားက တကယ့်ကို ကျွန်မအတွက် အားအင်တစ်ခုဖြစ်စေပေမယ့်... လူဆိုတာ ကိုယ်ချစ်တဲ့လူကိုတော့ ဂုဏ်မြင့်စေချင်တာပဲမောင်ရယ်.. ကျွန်မမောင့်ကို မုန်းတာမဟုတ်ပါဘူး....... မသန့်ရှင်းတဲ့ ကျွန်မကိုယ်နဲ့ဘဝကို မုန်းတာပါ ကျွန်မကိုယ်ကျွန်မမုန်းတာပါမောင်းရယ်.........
“မိနွေ..မိနွေ.. အပြင်မှာ ထူးသစ်ရောက်နေတယ်” ငါဘယ်လိုပြောလိုက်ရမလဲ...
“မရှိဘူးလို့ပြောလိုက်ပါ မာလာရယ်” ငါသူနဲ့မတွေ့ခြင်ဘူး... သူနဲ့ဘယ်တော့မှ တွေ့ဖို့လည်းစိတ်မကူးတော့ဘူး မရှိဘူးသာပြောလိုက်ပါဟာ.... အေး...အေး..ငါပြောလိုက်မယ်... မာလာအပြင်ကိုပြန်ထွက်သွားတော့မှ ကျွန်မပါပြင်းကမျက်ရည်တွေက ဘယ်လိုမှတားဆီးလို့မရအောင် ကျလာခဲ့တယ်......... မောင်နဲ့ မာလာတို့ပြောနေတဲ့စကားသံတွေကို အခန်းထဲက ကျွန်မကြားနေရတယ်................

“ကိုထူးသစ်... နွေ..နွေမရှိဘူး ” သူမနက်ထဲက ထွက်သွားတာ ပြန်မရောက်သေးဘူး..လိမ်ညာသောစကားသည် အဆင်မချောတက် မာလာစကားတွေက လိမ်နေမှန် ကျွန်တော်သိတယ်.....
“မလာ ကျွန်တော်ကို မညာပါနဲ့ဗျာ..” နွေအိမ်ထဲမှာ၇ှိတယ်ဆိုတာ ကျွန်တော်သိတယ်... ကျွန်တော်ကို နွေဘာလို့ရှောင်နေတာလဲ.. ကျွန်တော်မှာဘာအပြစ်တွေရှိလို့လဲ... နွေကျွန်တော်ကိုမချစ်ဘူးဆိုတာ မယုံဘူး နွေကျွန်တော်ကိုချစ်တာ ကျွန်တော်သိတယ်... ကျွန်တော်လဲ နွေးကိုအရမ်းချစ်တယ်ဗျာ မာလာ .. နွေကိုခေါ်ပေးပါဗျာ..
“ခက်ပါလား ကိုထူးသစ်ရယ် မာလာတကယ်ပြောတာ နွေမရှိဘူး မနက်တည်းကအပြင်ဆိုပြီး ထွက်သွားတာ ပြန်မလာသေးဘူး” ကဲ ကျွန်မလဲ အလုပ်ရှိလို့နော် ကိုထူးသစ်အားနာပါတယ်... သွားတော့နော်.. ပြောလဲပြော မာလာတံခါးပါပိတ်လိုက်တယ်..... မာလာ.. မာလာ.. နေပါအုံးဗျာ..မာလာ ကျွန်တော်ဘယ်လိုအော်ခေါ်ပေမယ့် မာလာတံခါးလာမဖွင့်တော့ဘူး............. နွေရယ်..ဘာလို့မောင့်ကို ရှောင်နေတာလဲကွာ.. မောင့်ကိုရူးအောင်လုပ်နေတာလား မောင့်ကိုသတ်နေတာလားကွာ... မောင့်အသဲတွေကိုတစ်စစီဖြစ်အောင် လုပ်နေတာလား နွေရယ်............
နွေ ကျွန်တော်ဘဝထဲကို ဝင်ရောက်လာတဲ့နေ့ကို မှတ်မိသေးတယ်.......... မိုးတွေအရမ်းရွာတဲ့နေ့ပေါ့... ထီးမဆောင်ထားတက်တာလဲ ကျွန်တော်အကျင့်ပါ... မိုးက အစိုးမရပဲ ချက်ခြင်းရွာချလာတော့ ကျွန်တော် မိုးရေထဲကပြေးရင် မိုခိုဖို့နေရာကိုရှာလိုက်မိတယ်.... မိုးကသဲတော့ ဘာကိုမှသိပ်မမြင်ရဘူး ..
အွန့်... အင့်...
အသံနှစ်ခုပြိုင်တူထွက်ပေါ်လာတယ်... ကျွန်တော်နှင့်တိုက်မိသူက ကျွန်တော်ကိုလှမ်းဖက်လိုက်သလို ကျွန်တော်ကလဲ ဟန်ချက်ပျက်စွာနဲ့ သူ့ကိုပြန်ဖက်ရင် နှစ်ယောက်သားလဲကျသွားတယ်... အထိတွေ့တစ်ခုကြောင့် ကျွန်တော်နဲ့တိုက်တာ မိန်းကလေးဆိုတာကို မျက်နှာကြည့်စရာမလိုပဲ ကျွန်တော်သိခဲ့တယ်... ကျွန်တော်မျက်နှာက သူ့ရဲ့ရင်သားတစ်နေရာကို မိမိရရ ဖိထားမိနေတယ်လေ.. .. သေချာအောင်မျက်နှာကိုကျွန်တော်ကြည့်လိုက်တော့ မိုးရေထဲက သူ့မျက်နှာလေးက ကျွန်တော်ရင်ကို ခုန်စေတယ် သိပ်ချစ်စရာကောင်းတဲ့ မျက်နှာလေးကဗျာအရမ်းဆန်တယ် ... ဒီအချိန်ကျွန်တော်ရင်ခုန်နေတာ.. သူမျက်နှာလား .. ကျွန်တော်မျက်နှာနဲ့ထိနေတဲ့ သူ့အထိတွေ့ကြောင့်လား မသေချာခင်မှာပဲ... ဟိတ်.. ထ..ဒီမှာနာနေပြီး.. သူသတိဝင်ပြီးပြောတော့မှာ ကျွန်တော်ထပြီးသူ့ကိုဆွဲထူပေးလိုက်တယ်..

ဟီးးးးးးး ဆောရီနော် .. ကျွန်တော်က လန့်တက်လို့ပါ ငယ်ငယ်ထဲက လန့်ရင်တွေ့ရာကိုဖက်တက်တဲ့အကျင့်ရှိလို့ပါ...
ကျွန်တော်နောက်လိုက်တာကို တော်တော်သဘောကျသွားပုံရတယ်...
ဟားဟား မင်းကအလာကြီးပဲ... တော်တော်နာနေအုံးမယ်.....အိုကေ ငါချမ်းနေပြီး သွားတော့မယ်..
ဟုတ်ပါ့ဗျာ သူပြောမှ ကျွန်တော်ကြည့်မိလိုက်တယ်.. သူ့ဝတ်ထားတဲ့ အကျၤီက ပါးလွန်းလှပါတယ်ဗျာ...အောက်ကဘရာဇယာကိုတောင်မြင်နေရတယ်....ရေစိုလို့ကပ်နေတဲ့ သူ့အကျီရဲ့အောက်မှာ ဖြူဖွေးတဲ့ သူ့အသားရေ... ဟော အောက်ကိုလဲကြည့်ပါအုံး ပျော့အိအိနဲ့ ဘာအသားလဲ တော့ကျွန်တော်မသိပါဘူး.. ရေတွေစိုလို့ သူ့ပေါင်လုံးအတိုင်းကပ်နေတာ.. တော်တော်လှတဲ့ပန်ချီကားတစ်ချပ်ကို ငေးကြည့်သလို ကျွန်တော်မျက်စီတွေက သူ့စီကခွာလို့မရဘူးဖြစ်နေတယ်... သူ့ရဲ့ဖြောင့်တန်းနေတဲ့ပေါင်သွယ်လေး.. ပြီးတော့ စွင့်ကားလွန်းတဲ့ တင်... မိုမောက်ပြီးလုံးကြွနေတဲ့ရင်.... သေးကျင်တဲ့သူ့ခါးလေးတွေ...အဆိုးဆုံးက ရှည်လျားတဲ့သူ ဆံပင်တွေပဲ.... အရာရာဟာ ကျွန်တော်အတွက်.. လောကကြီးကို မေ့နိုင်စွမ်းရှိတဲ့... ပန်ချီကားလေးပါပဲ....
ဟိတ်ကောင်လေး..ဘာကြည့်နေတာလဲ ...ဖယ် တို့သွားတော့မယ်... ပြောပြောဆိုဆို သူကျွန်တော်ဘေးမှ ထွက်သွားတော့
မွှေးပျံလွန်းတဲ့ ရနံတစ်ခု ကျွန်တော်နားမှာ စွဲကျန်ခဲ့တယ်................
နောက်နေ့တွေမှစပြီး အမည်မသိလိုက်ရသော မမ တစ်ယောက်ကို စွဲလမ်းခဲ့တဲ့ ကျွန်တော်စိတ်တွေက နေရာတစ်ချို့မှာ မသိစိတ်တစ်ချိုတွေနဲ့ ရှာနေမိခဲ့တယ်......... ဒါပေမယ့် တစ်လဆိုသော အချိန်ကာလသာ ကုန်ဆုံးသွားပေမယ့် ကျွန်တော်ချစ်သော မမ ကိုမတွေ့ခဲ့ပါ.................

တစ်နေ့သော ညနေခင်မှာ..........ကျွန်တော်ဆီကို ကျော်ကြီးရောက်လာပါသည်......ဟေ့ကောင်ထူးသစ်... လာခဲ့ကွာ..
ငါဒီနေ့ခိုင်လာတယ်... မင်းကိုရှယ်ပြုစုမယ်....
ခွေးကောင် မင်းကကြီးကြီးကျယ်ကျယ်ခိုင်လာတယ်လို့ပြောရအောင် ဘာအလုပ်လုပ်လို့လဲမင်းက... ငါ့ကိုလာကြွားရအောင်
ဒီကောင်ဘာအလုပ်မှ လက်ကျောမတင်းတာ ကျွန်တော်သိတာပေါ့... ဘာတဲ့ဒီကောင်ပြောနေကျစကား လက်ကျောတင်းဖို့မလိုဘူး လကျောတင်ဖို့လိုတယ်ဆိုတာ... ဒါဒီကောင်လက်သုံးစကား.. သူ့စကားနဲ့အညီ ဒီကောင်မိန်းမ ကိစ္စဆိုတော်တော်လေးဝါသနာပါတဲ့ကောင်...


စ/ဆုံး
စာအုပ်ယူရန်

No comments:

Post a Comment

မာတိကာ

Text Font Generator_1.2.0

Text Font Generator_1.2.0 Facebook မှာစာလုံးဆန်းဆန်းလေးတွေ ရေးချင်သူတွေအတွက် နောက်ဆုံးထွက် ဗားရှင်းအသစ် APK ယူရန်

နာမည်ကြီးပို့များ