ကျနော့်ရူပဗေဒဆရာမလေး
ကျနော်တို့မြို့က တောမြို့သာသာရယ် ဆိုတော့ကာ ( ရပ်ကွက်တောင် စုစုပေါင်း ၁၀ခု
လောက်ပဲ ရှိတာကိုး ) အဲ့လို ချစ်ရေးကြိုက်ရာ ကိစ္စတွေပေါ်လာရင် အဆင် သိပ်မပြေဘူးဗျ။ ပြောချင်တာက
ယောကျာ်းလေး တစ်ယောက် မိန်းမပျိုတစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်တာ၊ အနားသွားကပ်တာ ဘာညာ ဖြစ်လာ
ရင် တစ်မြို့လုံး သတင်းပျံ့ကုန်တာမျိုးကိုး။ ခင်ဗျားတို့သိတဲ့ အတိုင်း ကျနော့် တစ်ဖက်သတ် ဇာတ်လမ်းကလည်း
ရူပဗေဒ ဆရာမလေး ဇာတ်လမ်းဆိုတော့ကာ သူ့မှာလဲ ဂုဏ်သိက္ခာဆိုတာ ရှိနေလေတော့ကာ ထင်သလောက်
မလွယ်ဘူးပေါ့ ညီအစ်ကိုတို့ရာ။ ဘယ်လိုပုံစံမျိုးနဲ့ ချU်းကပ်ရမလဲ စU်းစားလို့တောင် မရဘူးရယ်။ အပေါ်ကပို့စ်မှာ
ရေးပြခဲ့တဲ့ ဈေးထဲမှာ ဆုံပီး အတင်း လိုက်ကပ်တဲ့ကိစ္စကလည်း အမြဲတမ်းကြုံတာမျိုးမဟုတ်ဘူးလေ။ ကြုံတိုင်းလည်း
အတင်း လိုက်လို့မဖြစ်ဘူး။ သောက်ပြဿနာတက်လိမ့်မယ်။ ဆရာမလေးက ရှက်ရှက်နဲ့ အိမ်လာတိုင်ရင် ကွိုင်မယ်။
ဉာဏ်နီဉာဏ်နက် အမျိုးမျိုး ထုတ်တာလည်း စဉ်းစားလို့ကိုမရဘူး။ လူက ရင်မောစပြုလာပီ။ ကျနော့်ဘဝမှာ သူ့
မတိုင်ခင် ရှိခဲ့ဖူးတဲ့ "ပီယာနိုဆရာမလေး" "ပီယာနိုဆရာမလေး" "ပီယာနိုဆရာမလေး" ဆိုတာ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံ တစ်ခုရယ်ထက် ပိုခဲ့ပေမယ့်လို့ (
အချစ်ဦး ကိုတော့ တစ်သက် မမေ့ဘူးပေါ့လေ ) ရင်ဘတ်ထဲမှာ နင့်နင့်သည်းသည်း စပီး ခံစားဖူးတာ အခု ရူပဗေဒ
ဆရာမလေး နဲ့မှဗျ။ တကယ် ပြောတာပါ။ ကျနော့်ဆိုက်ကိုက တစ်မျိုးကိုး။ ရှုတင်းတင်း ဘောက်ဆတ်ဆတ် မာကျော
ကျော တွေကိုဆို ရေလည် သဘောကျတာကလား အဟီး။ ကံကောင်းချင်တော့ တစ်ရက်မှာ ကျနော့် တပည့်ကျော်
တွေထဲက အထက်တန်း ကျောင်းသားတစ်ယောက်က ဖိဆစ် ဘာသာတွဲမှာ တော်တော် အဆင်မပြေလို့ ကိုဖိုးသက်
သင်ပေးပါ ဆိုပီး ပူဆာလာတယ်ဗျ။ တပည့်ကျော်တွေဆိုတာက ဒီလိုလေ.. ကျနော်က ရပ်ကွက်ထဲက ကလေးတွေကို
ကုလားဖြူစာ သင်ပေးနေတာ အဲ့ဒီတုံးက။ ကိုယ်က ဘာမှသိပ်တတ်တာရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ပျင်းပျင်းနဲ့
အိမ်အလုပ် တွေအား၊ အသုဘ ဖဲဝိုင်းမဖြစ်တဲ့အချိန် တွေဆို ချာတိတ်တွေ ခေါ်ပီး အိမ်မှာ ကိုယ့်မှာရှိတဲ့ ကုလားဖြူ
ပုံပြင် စာအုပ်တွေ ဖတ်ပြပီး လျှောက်သင်တာပါ။ "စလေအညာက ပုလွေဆရာ" တို့ ဘာတို့ကနေ "တော်စတွိုင်း၏ ဝတ္ထုတိုများ" အစရှိသဖြင့် ကိုယ်သင်ချင်တာတွေ လျှောက်လျှက်သင်ပီး ကလေးတွေကို ဆရာလုပ်တာပေါ့ဗျာ။
အဲ့ဒီချာတိတ်တွေထဲက ဆယ်တန်းကျောင်းသားတစ်ကောင် "ဖိုးထွေး" ဆိုတာ ( နောက်တော့ ကျနော်နဲ့ ရူပဗေဒ
ဆရာမလေး ကြားက အောင်သွယ်တော်ပေါ့ ) အဲ့ဒီချာတိတ်က ဖိဆစ် သင်ပေးဖို့ ပူဆာလာတော့မှ ခေါင်းထဲမှာ
ဟာ! ဖိဆစ် ဆိုရင်တော့ ဒေါ်ခင်ချိုမေ့ ကျူရှင်သာ သွားတက်ချေ ငါ့ညီ သူက သိပ်အသင်
အပြ ကောင်းတာ..ကိုင်း! မထူးပါဘူး လာ..လာ ငါကိုယ်တိုင် နင့်ကို ကျူရှင် လိုက်အပ်ပေးမယ်.. ဆိုပီး ခေါ်သွား
လိုက်တယ် ဟီဟိ။
ကျူရှင်ရောက်သွားတော့ ဆရာမလေးနဲ့ ဒဲ့မတွေ့ဘူးဗျ။ ကျူရှင်လက်ခံဖို့က သူ့အိမ်မှာ ဘော်ဒါ
ဆောင်နေတဲ့ ( သူက တပည့်မတွေနဲ့ တူတူနေပီး အဆောင်ဖွင့်ထားတာ သူ့ပမေကြီးက တစ်ဖက်မြို့မှာ ) တပည့်မ
တွေက ကတ်ထူ ကဒ်ပြားလေးနဲ့ နာမည်တွေ ဘာတွေ စာရင်းသွင်းတာ လက်ခံတယ်။ ချာတိတ်ရဲ့ကျူရှင်
လခ တွေ ဘာတွေ ကျနော်ပဲ ပစ်ပြက်စိုက်ပေးလိုက်တာ ဟီး။ အဲ့ဒီမှာ မှန်းချက်နဲ့ နှမ်းတွက် မကိုက်ဘူး ဖြစ်နေ
ရောပေါ့ဗျာ။ ဘယ့်နှယ် ဆရာမလေးကို တွေ့ရအောင် လာဖန်ကာမှ တပည့်မတွေနဲ့ တွေ့နေရတာကိုး။
ဒါနဲ့မထူးဘူးဆိုပီး ညီမလေးတို့ ဆရာမ ဒေါ်ခင်ချိုမေကော မရှိဘူးလား.. အစ်ကိုက သူ့တပည့်ဟောင်းပါ
အစ်ကို့ညီလေးကို သေချာအပ်ချင်လို့ စကားပြောချင်တယ် ဘာညာဆိုပီး ရွှီးလိုက်တော့မှ.. ဆရာမ နောက်ဖေး
မီးဖိုဆောင် နားမှာတဲ့။ နှစ်ထပ်ပျဉ်ထောင် သွပ်မိုးအိမ်ကြီးရဲ့ အောက်ထပ်မှာ ကျူရှင်သင်ပီး အိမ်အနောက်ဖက်မှာ
တစ်ထပ် မီးဖိုဆောင်လေး သပ်သပ် ဆောက်ထားတာကိုးဗျ။ ( ခင်ဗျားတို့ ထူးဆန်းသော သစ်သားရုပ်ထုလေး
ဇာတ်လမ်း ဖတ်ခဲ့ဖူးရင် မှတ်မိမှာပါ ) ဒါနဲ့ တပည့်ကျော်ဖိုးထွေးကို ပုခုံးဖက်ပီး မီးဖိုဆောင်နား ဆွဲခေါ်သွားလိုက်ကော
ဆိုပါတော့။ မီးဖိုဆောင် အနောက်နားက တရုတ်စကား ပန်းပင်အောက်က သစ်သားကွပ်ပျစ်ကလေး ပေါ်မှာ ဆရာမ
လေးနဲ့တွေ့ရော။
သနပ်ခါး ရေကြဲလေးပွတ်၊ အိမ်နေရင်း အဝတ် တစ်ပတ်နွမ်းလေးနဲ့ ညစာချက်ဖို့ ဟင်းရွက် ကလေး
တွေ ဇကောထဲ ထည့်ပီး ထိုင်သင်နေတာဗျ။ ကျနော့်မျက်နာကိုလည်း မြင်ကော သရဲမြင်သလား မှတ်တယ် လန့်သွား
တဲ့ ဟန်ကလေးဗျာ ( ပြောရင်း မျက်စိထဲ ပြန်ပေါ်လာလို့ ပြုံးနေတယ် ဟီး ) သောက်ခွက်ပြောင်ပီး အိမ်ထဲထိ ဘာ
လာလုပ်တာလဲ မသိဘူးဆိုတဲ့ ရုပ်ကလေးနဲ့ ဖြစ်သွားပုံကလေးက အဲ့လို။ ကျနော် ကလည်း ခပ်တည်တည် လူကြီး
လိုလို ဘာလိုလိုနဲ့ ဆရာမလေး.. ဒါ ကျနော့်ညီလေးပါ ဖိုးထွေးတဲ့ ဖိဆစ်ကျူရှင် လာအပ်တာ ဆရာမကို အားကိုးပါ
တယ် ဆုံးမပေးပါ ဘာညာတွေ လျှောက်ဖောပစ်တာပေါ့။ နည်းနည်းပါးပါး အာလူး ဖုတ်ပီးတာနဲ့ ဖိုးထွေး ကို ကိုင်း!
ညီလေး သွားနှင့် အစ်ကို ဆရာမနဲ့ စကားပြောလိုက်ဦးမယ် ဆိုပီး လစ်ခိုင်းလိုက်တယ်။ နှစ်ယောက်ထဲ တရုတ်
စကားပင် အောက်မှာ ကျန်ခဲ့တော့မှ ခုနကလို မဟုတ်တော့ပဲ လေသံတွေ ပြောင်းကုန်ကော အဟိ။
ဒီမယ်! ကျမဆီ နောက်ထပ် မလာခဲ့ပါနဲ့ လာချင်တိုင်း လာရအောင် အသုဘအိမ်က
ဖဲဝိုင်းများ မှတ်နေလား ( သေရောဗျာ စစချင်းမှာကို အဲ့လို အဆင်ပြေချက်က )
ဟာဗျာ.. ဆရာမလေးရာ အဲ့လိုကြီးတော့ မပြောပါနဲ့ ကျနော့်မှာ ဆရာမမျက်နာလေး
မမြင်ရရင် ရင်တွေပူပီး သေမလို ဖြစ်လွန်းလို့ ကြံမိကြံရာ ကြံပီး လာခဲ့ရတာကိုဗျာ
တော မှာသွားပြောချေ ဒီကမျက်နာက ဖဲထုပ်ထဲက ကုလားမ မျက်နာနဲ့ တူနေလို့လား
ဟမ်!
ကျမက ဂုဏ်သိက္ခာနဲ့ နေတဲ့ မိန်းမစားမျိုး.. သမ္မာအာဇီဝနဲ့ စာသင်စားနေတာ တန်ရာ
တန်ရာ ပြောပါ ရှင့်လို လူပေါ့ လူသွမ်း ဖဲသမားများ ကန်တော့်ဆွမ်းပါဘုရား ဆိုတာလိုပဲ..
အဲ့လောက်ထိ ပြောပေးရလား ဆရာမလေးရာ .. ကျနော် မိကောင်း ဖခင် သားသမီးပါဗျာ
ခု ပြောသလောက်ကြီးတော့ မဟုတ်ပါဘူး..
ဟုတ်ပါတယ် ဆွေကြီး မျိုးကြီးပါ ဒီမြို့မယ် ရှင့်အသိုင်းအဝိုင်းက ဂုဏ်သရေရှိတွေပါ..
ဒါပေမယ့် ရှင့်လို လောင်းကစားသမား လူမိုက် xxx oooo xxxxxx
ငေါ့တော့တော့ လေသံစွာစွာလေးနဲ့ မျက်နာမဲ့ပီး ကျနော့်ကို စကား လှမ်းပြောနေတဲ့
ဆရာမ လေးကို ကျနော် ငေးနေမိတယ်ဗျ။ သူပြောနေတာတွေ ကြားတစ်ချက် မကြားတစ်ချက်ပဲ။ ဆိုးတေတေပုံစံနဲ့
နေချင်သလိုနေ ပေချင်သလို ပေခဲ့တာတွေ အတွက် ခုမှ နောင်တရပီး ရှက်လာမိတယ်။ အဆိုးဆုံးက ကိုယ့်ကိုကိုယ်
သေချာ ဘာဖြစ်မှန်း နားမလည်ပဲ မျက်ရည်တွေ ဘာတွေ ဝဲကုန်တာဗျ ဟီဟိ။ ကိုယ်ချစ်မိတဲ့ သူက ကိုယ့်ကို ကလေ
ကချေ တစ်ကောင်လို့ ပြောနေပီကိုး။ ကျားကျား လျားလျား တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်မျိုးပိုင်ရှင်ကနေ
သိမ်ငယ်သွားလိုက်တာ ငိုမဲ့မဲ့မျက်နာလေးနဲ့ ဆရာမလေးရှေ့မှာ ကလေးပေါက်စလေးလိုဖြစ်သွားရောဗျာ။
သောက်စကား Aင်မတန်တတ်တဲ့ကောင်ဆိုပီး လူပြောများတဲ့ကောင်က ဘာပြန်ပြောရမှန်းတောင်
မသိတော့ဘူး။ နောက်တော့ ဆရာမလေး အသံ တိတ်သွားတယ်။ သူ့ရှေ့မှာ လက်ကလေး နောက်ပစ်ပီး ရပ်ရင်း
မျက်နာငယ်လေးနဲ့ မျက်ရည်ဝဲရင်း ငေးနေတဲ့ ကျနော့်ကို မြင်တော့ မျက်နာက နည်းနည်း ပျော့သွားတယ်။ ( ဗျူဟာ
တွေပေါ့လေ အဟိ ) မိန်းမတွေရဲ့ ဖျောက်မရတဲ့ ဗီဇပေါ့ဗျာ။ သနားတတ်တဲ့စိတ် ခေါ်မလားပဲ ဟဲဟဲ။ ပွစိပွစိ လုပ်
နေရာကနေ အံ့သြနေတဲ့ မျက်နာ ဖြစ်သွားရော။ ဒီကောင်လေးက ငါသိတာ လူဆိုး လူမိုက်ကလေးပါ.. ခုတော့
သနားစရာ လေးပါလားပေါ့ ဟိ။ ဘာမှ ဆက်မပြောတော့ပဲ ဆံပင်ရှည်တွေ ဖားလျား ချထားတာကို လက်နဲ့ကိုင်ရင်း
နှုတ်ခမ်း၂လွှာထဲ ညှပ်ပီး ကိုက်ထားရင်း ကျနော့်ကို ခိုးခိုးကြည့်ရင်း ငြိမ်နေကောဗျ။ ခဏလောက်တော့ တိတ်ဆိတ်
သွားကြသေးတယ်။ အဲ့ဒီမှာ မထူးတော့ပါဘူးကွာဆိုပီး ကျနော်လည်း လည်ချောင်း တစ်ချက်ရှင်းပီး သူ့မျက်နာကို
စိုက်ကြည့်ရင်း..
"ကျနော်ဆရာမလေးကိုအရမ်းချစ်တယ်သိလား"
လို့ မတိုး မကျယ်လေး ပြောပီး ချာကနဲ လှည့်ထွက်ခဲ့လိုက်ရော။
အဲ့ဒီလိုတွေ ဖြစ်ပီး ၁ပတ်၂ပတ် လောက်ထိ ရူပဗေဒ ဆရာမလေးကို မျက်နာ ချင်းကို
မဆိုင် ဖြစ်တော့ဘူးဗျ။ အသည်းကတော့ ကွဲနေတာပေါ့။ ကိုယ်ကလည်း ကိုယ်ပဲလေ။ အော့ကြောလန်ကိုး။ ဘယ်သူ
က အထင်ကြီးမှာတုံး။ သူက ကိုယ့်ထက် အသက်တွေ အများကြီး ကြီးရတဲ့အထဲ ဆရာမလေးဗျာ။ မိုက်တိ မိုက်ကန်း
ချာတိတ်လေးကို ဘယ်လိုလုပ် ရည်းစား တော်မှာတုံး။ သူ့အပြစ်လို့လည်း မဆိုသာဘူး မလား။ အဲ့ထက် ဆိုးတာက
ဇာတ်လမ်းထဲမှာ ကျနော် ရေးပြခဲ့ဖူးတဲ့ အဖြစ်အပျက်ဗျ။ ခင်ဗျားတို့ ဖတ်ဖူးပီးသားပါ။ မြို့အစွန် ဘုရားပွဲက လောင်း
ကစား ဝိုင်းမှာ လေးကောင်ဂျင် ထိုးတဲ့ ဇာတ်ကွက်။ ကျနော့်အိမ်က ဆီပေပါတွေ အဟောင်းပေး အသစ် ယူဖြန့်တဲ့
အလုပ် လုပ်တော့ မြို့အစွန်မှာ ဆီပေပါဖိုး သွားကောက်ရတယ် ဆိုပါတော့။ အဲ့ဒီခေတ်က တစ်ပေပါမှာ ၂၀၀၀
လောက် ရှိတာ။ ဆီဖိုး သွားတောင်းပီး အပြန် ကိုရွှေဘကို အဖော် ခေါ်သွားမိတော့ကာ နေ့လယ်၃နာရီလောက် ဘုရား
ပွဲကို ဖြတ်ပြန်ရင်း လက်ထဲက ပါလာတဲ့ ပက်ဆံ၂၀၀၀ကို ဂျင်ဝင်ထိုးပစ် လိုက်တာ ပြောင်ပါလေရောလား ဟီးဟီး။
လေးဆယ့်ငါးကျပ်တန် တစ်ရွက်ပဲ ကျန်တယ်။ အိမ်လည်း မပြန်ရဲတော့ဘူး။ အကြွေး တောင်းခိုင်း
လိုက်တဲ့ ပက်ဆံကလည်း ပြောင် ဗိုက်ကလည်းဆာ ဒါနဲ့ ခေါက်ဆွဲဆိုင် ဝင်ထိုင်တော့ တစ်ပွဲ အစိတ်တဲ့။ ၂ယောက်
စားရင် ၅၀ ဆိုတော့ မလောက်မင ဖြစ်ကရော။ ဒါနဲ့ မစားဘူးကွာ ဒီလောက်တောင်ဖြစ်တာ ဆိုပီး ခုနက ဂျင်ဝိုင်းကို
ပြန်လစ်သွားပီး ခေါက်ဆွဲဖိုးရှာမယ်ဆိုပီး ဝက် ရုပ် ဇယားကွက်ထဲ လေးဆယ့်ငါးကျပ်တန်ကို ပစ်ထည့် လိုက်တယ်။
ဝက် ထွက်လာတော့ အလျော်ရတယ်။ ၃ဆ လျော်တာဆိုတော့ အရင်းနဲ့ ပေါင်းရင် ၁၈၀ဖြစ်သွားတယ်။ အဲ့မှာအလျော်
ရတဲ့ ပက်ဆံကို ကိုရွှေဘက မယူနဲ့ကွာ မထူးဘူး ချထားလိုက် ဆက်ထိုးတဲ့။ ဒါနဲ့ နောက်တစ်လက် ဆက်ဖွင့်တော့
ဝက်ပဲ ထပ်ကျတယ်။ ၇၂၀ဖြစ်သွားရော။ ကိုရွှေဘက ဘာမှမပြောသလို ကျနော်ကလည်း အလျော်ရတာကို မယူပဲ
ဆက် ချထားလိုက်တယ်။ ( အဲ့လို စိတ်တူကိုယ်တူ မိုက်လွန်းလို့လည်း အတွဲမိခဲ့တာလား မသိပါဘူးဗျာ )
တိုတိုပြောရရင် ဝက် ၆လက် ၇ လက်တိတိ ဆက်တိုက် ထွက်ပစ်တာဗျာ။ ပက်ဆံ ဘယ်လောက်
ဖြစ်သွားတယ် ဆိုတာ ကိုယ့်ဖာကိုယ် တွက်ကြည့်ကြပေတော့။ နည်းတဲ့ အပုံကြီးကို မဟုတ်ဘူး။ လူတွေလည်း ဂျင်ဝိုင်း
မှာ ပြုံတိုးပြီး ကြည့်ကုန်ပီ။ ဒိုင်ကလည်း ဘယ်သူ့ကိုမှ အထိုး မခံတော့ဘူး။ ကျနော်တို့နဲ့ပဲ ချတော့တာ။ အဲ့ဒီမှာ ဂျင်
လှည့် တဲ့လူပြောင်းတယ်။ "မိုးပျံတင်ဖေ" လို့ခေါ်တဲ့ ဂျင် ခေါ်တဲ့ ဂျင်ဝိဇ္ဇာ ( ခုတော့ သေရှာပါပီ ) အဲ့ဒီ တင်ဖေကို ကျနော်က မှတ်မိ
သွားတယ်။ ( ဖဲဝိဇ္ဇာတွေ အကုန်လုံးကို သိတာကိုး ) ဒါနဲ့ ဆက် မဆော့တော့ဘူး ရပ်ပစ်တယ်။ ဝတ်ထားတဲ့ ပုဆိုးကို
ဆွဲချွတ်ပီး ( အောက်က ကမ္ဘာစိုး ဘောကန် ဘောင်းဘီတိုနဲ့ ) ပက်ဆံပုံကြီးကို ကျုံးနေတဲ့ အချိန်.. ဂျင်ဝိုင်း ဂိုဏ်းသား
တွေက ရုတ်ရုတ်သဲသဲ လုပ်တယ်။ ကိုရွှေဘ က ခါးကြားထဲက ဓားမြှောင်ထုတ်ပီး ".... သားကွ ကပ်လာရင် အသေပဲ"
ဆိုပီး ရမ်း.. လူတွေရှဲကနဲ အဖြစ်မှာ ကျနော်က ရှေ့ကနေ ဘောင်းဘီတိုလေးနဲ့ ပုဆိုးနဲ့ထုပ်ထားတဲ့ ပက်ဆံ ထုပ်ကြီး
ထမ်းပီး ပြေး.. အနောက်ကနေ ကိုရွှေဘက ဓားမြှောင်တပြပြနဲ့ လုံခြုံရေးယူပီး ပြေးလိုက်လာ.. "စူပါစိန်" "စူပါစိန်" "စူပါစိန်" အဖွဲ့သား
တွေက နောက်ကလိုက် ( စူပါစိန်ဆိုတာ ဂျင်ဝိုင်းနာမည် အဟီး ) ပွဲခင်းလမ်းမပေါ်မှာ ဖုန်တွေ တထောင်းထောင်းကို ထနေတာပဲ။
အဲ့ဒီမှာ ကံက မကောင်းချင်တော့ ညနေစောင်း ဘုရားကုန်းတော်ပေါ် ဘုရားဝတ်တက်
လာလုပ်တဲ့ မြို့ထဲက အဖွဲ့တွေ ပွဲလမ်းမကြီးအတိုင်း ယောဂီဝတ်စုံလေးတွေနဲ့ လာနေကြတာဗျာ။ ကျနော်နဲ့ ကိုရွှေဘ
က ရှေ့ကနေပြေး နောက်က လူအုပ်က လိုက်နဲ့ ဓာတ်ရှင် ရိုက်နေတာကို အတိုင်းသား မြင်နေရတာပေါ့။ ရူပဗေဒ
ဆရာမလေးနဲ့ သူ့တပည့်မလေးတွေ ယောဂီဝတ်စုံ ကိုယ်စီနဲ့ ရပ်ကြည့်နေကြတာ သေရောပေါ့။ ပြေးရင်း လွှားရင်းနဲ့
ကျနော် မြင်ဖြစ်အောင် မြင်လိုက်တာက ဆရာမလေးရဲ့ ရွှံရှာတဲ့ အကြည့်တွေပေါ့ဗျာ။
ရင်ထဲမှာကို အောင့် သွားတာပဲ။ သွားပါပေါ့လား ဗျာ။ သေချာတော့ မစဉ်းစားအားပါဘူး။ ပြေးနေ
လွှားနေ ရတာကိုး အဟီး။ တိုတိုပြောရရင် အိမ်ပြန်ရောက် သွားကြတယ်ပေါ့။ ပိုက်ဆံတွေ သိန်းချီအောင် ဂျင်နိုင်
လာပေမယ့် မပျော်ဘူးဗျ။ ကိုရွှေဘကတော့ အူမြူးပီး စားကောင်း သောက်ကောင်း တွေနဲ့ အောင်ပွဲခံနေပေမယ့်
ကျနော် ကတော့ ငါ့ကို ဆရာမလေး တသက်လုံး ပြန်မချစ်တော့ပါဘူးဆိုတဲ့ စိတ်နဲ့ခွေနေရော။ ခုပြောတဲ့ ဇာတ်လမ်းက
လည်း တစ်မြို့လုံးပျံ့သွားတာ ဟိုးဟိုးကျော်နေပီဆိုတော့ ပိုဆိုးပီလေ။ ကျော်ဇောမှုဖြစ်နေပီအဟီး။ လူမသိသူမသိ
ကြိတ်ဆွေးလေး ဖြစ်နေရာကနေ တစ်ရက်တော့ ဘယ်လိုမှ မခံနိုင်တော့ဘူး။ ကိုရွှေဘနဲ့ အရက်ဆိုင်က အပြန်
အတော် မူးလာတယ်။
သူ့အိမ်ကိုယ့်အိမ် ပြန်အိပ်ကြရင်း မူးမူးနဲ့ စိတ်က ရူပဗေဒ ဆရာမလေးဆီပဲ ရောက်ရောက်
သွားတော့ ဖြစ်ချင်ရာ ဖြစ်ကွာဆိုပီး ညသန်းခေါင်ကျော် အိပ်ယာကထပီး အိမိကနေ တစ်ယောက်ထဲ ထွက်လာခဲ့
တယ်။ လမ်းတစ်ဝက်လောက်ရောက်တော့ မိုးတွေကလည်း တဝုန်းဝုန်း ရွာချပစ်လိုက်တာဗျာ လူကို စိုရွှဲကုန်တယ်။
ဒိန်းတလိန်းနတ် ဖမ်းစားခံထားရတော့ မှောင်မဲမဲ မိုးကြီးလေကြီးထဲ မမြင်မကမ်းနဲ့ ဆက်လျှောက်လာတာ ဆရာမလေး
အိမ်ရှေ့ထိ ရောက်လာတယ်။ သေချာကို မစဉ်စားတော့ဘူး အိမ်ခြံစည်းရိုးကို ကျော်ဝင်တော့တာပဲ။ လူက သွေးကြွ
နေတာကိုး။
ဆရာမလေး အိမ်အောက် ရောက်သွားတယ်။ ဘော်ဒါဆောင်နေတဲ့ တပည့်မတွေက
အောက်ထပ်မှာ နေပီး ဒေါ်ခင်ချိုမေက အပေါ်ထပ်မှာ အိပ်မှန်း တပည့်ကျော် ဖိုးထွေးကို စုံစမ်းခိုင်းထားတော့ သိနေ
တယ်လေ။ နေဦးဗျ။ ကျနော် ခုဆက်ပြောမှာတွေက ရာဇဝတ်မှုများ မြှောက်နေလား မသိဘူး အဟီး။
ကျနော့်စာကို ဖတ်နေတဲ့Aထဲမှာ ညီလေးအရွယ် ချာတိတ်တွေ ပါနေခဲ့ရင် ကြိုမှာထားမယ်နော်။
ကျနော် ရေးပြတာတွေက မကောင်းဘူးနော်။ လိုက်မလုပ်ကြပါနဲ့။ ကျနော့်တုံးက မိုက်ကန်းကန်း သောက်ရူးမို့လို့
လျှောက် လုပ်တာ လိုက်လုပ်လို့ ပြဿ နာတက်ရင် ထောင်ထဲ ဝင်ရမယ့် အပေါက်မို့ ကြိုပြောထားမယ်။ မမိုက် ကြပါနဲ့
လို့ ဟီး။ ဖိနပ်ချွတ်ပီး အိမ်ဘေးနား ကပ်ပေါက်နေတဲ့ မန်ကျည်းပင်ကို တွယ်တက်တော့တာပဲ။ မန်ကျည်းကိုင်း တစ်ခု
က ပြူတင်းပေါက်နားအထိ ရောက်တာကိုး။ မူးကလည်းမူး မိုးရေ တွေကလည်း စိုနေတော့ ချောကျမလိုဖြစ်လိုက်
အတင်း ကုတ်ကတ် တက်လိုက်နဲ့ ပြူတင်းပေါက်နား ရောက်သွားတယ်။
မိုးရွာနေတော့ကာ ပြူတင်းပေါက်က ပိတ်ထားတယ်ဗျ။ တံခါးကြားထဲကနေ အခန်းထဲက မီးရောင်
ထွက်ကျနေတော့ကာ လူရှိနေမှန်း သတိထားလိုက်မိတယ်။ ပြူတင်းပေါက်ကို ကိုယ်နည်းနည်း ကိုင်းလိုက်ရင် လှမ်း
ကိုင် လို့ရတယ်ဗျ။ ခပ်ပြင်းပြင်း တစ်ချက်လောက် ဒေါက်ကနဲ ခေါက်လိုက်ပီး ငြိမ်နေလိုက်တယ်။ အထဲက ဘာသံမှ
မကြားရဘူး။ ခဏလောက်ငြိမ်နေလိုက်ပီး နောက်တစ်ချက် လှမ်းပုတ်လိုက်ပြန်တယ်။ အဲဒီမှာ အခန်းထဲကနေ ပြူတင်း
ပေါက်ကို ကျွိကနဲ တွန်းဖွင့်လာကော။ ကံကောင်းထောက်မစွာနဲ့ ကျနော့်ဆရာမလေး ဒေါ်ခင်ချိုမေဖြစ်နေတယ်ဗျာ။
ပြူတင်းပေါက်နဲ့ ကျနော် တက်ခွထိုင်ထားတဲ့ သစ်ကိုင်းက တစ်ညီထဲလောက်ကျနေတော့ အခန်း
ထဲက မီးရောင်နဲ့ ဘွားကနဲ ကျနော့်ကို မြင်လိုက်ရကော ဆိုပါတော့။ လန့်ပီး အော်တယ်ဗျ။ ဘယ်သူမဆို လန့်သွားမှာ
ပဲလေ။ မိုးရေတွေ စိုရွှဲနေတဲ့ လူတစ်ယောက် သစ်ကိုင်းပေါ် တက်ထိုင်နေတာ ဘွားကနဲ မြင်လိုက်ရမှတော့ လန့်မှာပေါ့
ဟီး။ လန့်လား မလန့်လား ရင်ဘတ်ကို လက်နဲ့တောင် ဖိထားရရှာတယ်။ မှင်တက်ပီး ကြောင်ငေးနေတာ။
နောက်တော့ မှ သတိဝင်သွားဟန်နဲ့ ပြူတင်းပေါက်ကို ပြန်ပိတ်ဖို့ လုပ်တယ်။ ( ဘယ်သူမှန်း
မသိဘူး ထင်တယ် ) ကျနော်ကလည်း မြန်တယ်ဗျ။ ပြူတင်းပေါက် ဘောင်ပေါ် လက်နဲ့ဖမ်းဆွဲပီး အတင်း ကုတ်
တက်တော့တာ။ ပါးစပ်ကလည်း ဆရာမလေး.. ကျနော်ဖိုးသက်ပါ.. မကြောက်ပါနဲ့ပေါ့ ဟီဟိ.. ဒေါ်ခင်ချိုမေကလည်း
ကျနော် ဘာပြောနေမှန်း သေချာကြားပုံမရဘူး ပြူတင်းပေါက် တံခါးကို အတင်းဆွဲပီး အမေရေ.. ကယ်ပါဦး တဲ့
ဟားဟား။ မိုးတွေ တဝေါဝေါနဲ့မို့ အောက်ထပ်က ကောင်မလေးတွေ မကြားလို့ တော်ပါသေးလား။
နောက်ဆုံး အတင်း တိုးတက်ပစ်လိုက်တာ အခန်းထဲကို ဒလိန့်ခေါက်ကွေး ဝင်သွား
ရော။ ဆရာမလေးခမျာလည်း ကျနော် အတင်းတိုးဝင်ပစ်တာ ခံရတော့ နောက်ပြန်ဖင်ထိုင်လျှက် ကြမ်းပြင်ပေါ်
ဝုန်းကနဲ ကျသွားတယ်။ ဆရာမလေး.. ဆရာမလေး မကြောက်ပါနဲ့ ကျနော်ပါ ကျနော်ပါဆိုပီး ဗလုံးဗထွေး ပြောနေတဲ့
ကျနော့်ကို တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ရင်း ငေးကြည့်နေတာဗျာ။ မီးရောင်အောက်မှာ မိုးရေတွေစိုရွှဲပီး ကြမ်းပြင်ပေါ်
ငုတ်တုတ်ထိုင်နေတဲ့ ကျနော့်ကို မှတ်မိသွားတယ်။
ကိုင်း! ညီအစ်ကိုတို့ရေ .. ဘာတွေဆက်ဖြစ်မယ် ထင်ပါသလဲပေါ့ဗျာ ဆက်ရန်.. :P
တခါကလူရမ်းကားလေး တခါကလူရမ်းကားလေး
မောင်ချိုကန်း မောင်ချိုကန်း
အားရင် အားသလို ဇာတ်လမ်း ဆက်ပါတယ်ညီအစ်ကိုတို့ ခင်ည။ ကိုယ်တွေ့လိင်ဟာသထဲလည်း
ရယ်စရာလေး တစ်ခု ရေးထားသေးတယ် ဖတ်ကြည့်ကြပါဦး အပျင်းပြေပေါ့။ နေ့တိုင်း ဆက်တိုက်
မတင်နိုင်ရင်တောင် ရက်ခြားလေးပေါ့နော့်။ ဆက်ဆွဲမယ်နော်။
ကိုင်း! ဟုတ်ပီ အခန်းထဲ ရောက်သွားရော။
တမင်အဲ့ဒီနေရာမှာ ရပ်ထားပစ်ခဲ့တော့ ခင်ဗျားတို့တွေ ဟိုတွေးဒီတွေး တွေးနေကြမယ်ထင်ပါရဲ့
အဟဲ။ ဒီကောင် ပွဲကြမ်းတော့မယ် ဘာညာပေါ့ ဟုတ်လား ညီအစ်ကိုတို့? တကယ်တမ်းက မဟုတ်ရပါဘူး။ ကျနော်
အကြိမ်ကြိမ် ပြောခဲ့ဖူးပါပီကောလား။ အရက်မူးနေရင် လိင်စိတ်မရှိတဲ့ ကောင်မျိုးပါဆိုနေ။ ခုဟာက အချစ်ဗျ အချစ်။
ကလေက၀ လူဆိုးလေးဆိုပီး ငါ့ကို မုန်းသွားပီ ထင်ပါရဲ့ဆိုတဲ့ စိတ်က နှိပ်စက်လွန်းလို့ ခုလို ထောင်မကြောက်
တန်းမကြောက် လျှောက်လုပ် ကုန်တာပါ။ မိုးရေတွေစိုရွှဲပီး ကြွက်စုတ်ဖြစ်နေတဲ့ ကျနော်က ကြမ်းပြင်မှာ
ငုတ်တုတ်လေး၊ အရှေ့မှာက ကြောက်လန့်တုန်လှုပ်နေတဲ့ တုန်တုန်ရီရီ ရူပဗေဒဆရာမလေး။
ကျနော်မှန်း သိသွားတော့ တအား လန့်နေတာကနေ နည်းနည်း အကြောက်ပြေသွားဟန်တူတယ်။
ဒါပေမယ့် ဗျာ မိန်းမပျိုလေးတစ်ယောက် အခန်းထဲ ယောကျာ်းလေး တစ်ယောက် အတင်း ဝင်လာတာမျိုး ဆိုတော့
တုန်လှုပ် နေရှာမှာပေါ့။ အဲ့လို အခြေနေမှာ ပိုဆိုးသွားတာက ငမူးကျနော်က ခါးကြားထဲထိုးလာတဲ့ မောင်းချ ဓားကို
ထုတ်ပီး ဖျောက်ကနဲ အသွားကို ဆွဲထုတ်ပစ်လိုက်တာ မီးချောင်းက အလင်းရောင်အောက်မှာ လက်ကနဲပဲဗျ ဟီး။
စဉ်းစားကြည့်လေ ဟိုဖက်က ဘယ်လောက်လန့်သွားမလဲ။ မသိရင် ဓားထောက်ပီး အဓ္ဓမကျင့်တော့ မလိုလို။
ဒါကြောင့်မို့ အပေါ်ပို့စ်မှာ ပြောခဲ့တာပေါ့ ဒီစာဖတ်နေတဲ့ အထဲက ညီလေးတွေ ကျနော် ရေးတာတွေ
လျှောက် မလုပ်ကြပါနဲ့လို့။ ဓားကိုင်ပီး မိန်းမပျိုတစ်ယောက် အခန်းထဲ ကျော်ဝင်တာ အခြေနေမလှရင် ထောင်ထဲ တန်း
ရောက် သွားမယ် ဟီး။ အမှန်က ဒီလိုဗျ။ မူးမူးနဲ့ဘယ်လောက် အရူး ထနေသလဲ ဆိုတော့ကာ ( ခင်ဗျားတို့ မရယ်
ကြေးဗျာ ဟီးဟီး ) ဒေါ်ခင်ချိုမေ့ဆီ သွား၊ ဓားထုတ်ပီး ဆရာမလေး ကျနော့်ကို ပြန်ချစ်မလား မချစ်ပူးလား၊ မချစ်ပူးဆို
ရော့! ဒီမယ် ဓား ကျနော့်ကို ထိုးသာ သတ်ပစ်လိုက်၊ ကျနော် ဆရာမလေးရဲ့ ချစ်သူ မဖြစ်ရရင် ဒီဘဝမှာ အသက်
ဆက်မရှင်ချင်တော့ဘူး ပေါ့လေ။ ဘာလဲ? ဆရာမလေး ကျနော့်ကို မထိုးရဲဘူးလား.. ရတယ် ကိုယ့်ဖာကိုယ် ထိုးပစ်
မယ်.. မှန်းစမ်း ( ဘယ်ဖက် ရင်အုံပေါ် ဓားနဲ့ ကိုယ့်ဖာကိုယ် ထောက်ထား ) ဒီနေရာက ဆရာမလေးကို တွယ်တာ
နေတာ၊ ကိုင်းကွာ! ဆိုပီး ဓားဦးချွန်လေး မြုပ်ပီး သွေးစို့အောင် ကိုယ့်ဖာကိုယ် ဖိထိုး.. အဲ့ဒီတော့မှ ဒေါ်ခင်ချိုမေက
မျက်လုံး ဝိုင်းစက်စက် ကလေးတွေ အပြူးသားနဲ့ ရှင်နော် အဲ့လို မလုပ်ရဘူး အဓိပ္ပါယ်မရှိတာ ချလိုက်စမ်း အဲ့ဒီဓား
ကို..ကျမပြောတာ နားထောင်၊ လူမိုက်လေး ကျမကို ဒီလောက်တောင် ချစ်ရသလား ဟင့်ဟင့် ဆိုပီး မျက်ရည်တွေ
ဘာတွေကျ၊ ကျနော့်လက်ထဲက ဓားကို အတင်း ဆွဲလု ပီး လူဆိုးလေး မောင်ဖိုးသက်ကို ကျမ ခင်ချိုမေ ကလည်း
ချစ်မိနေပါပီ ရှင်ရယ် ပေါ့။ တယ်ပိုင်တဲ့ ငါ ပါလားပေါ့လေ။
ခင်ဗျားတို့ ဝိုင်း မလှောင်ကြေးဗျာ။ ချာတိတ် ဘဝက အဖြစ်အပျက်ကိုး။ ရှက်ရှက်နဲ့ပဲ ပြန်ပြော
ပြနေရတာ ဟီးဟီး။ ဘယ်သူမဆို ငယ်တုံးကတော့ အဲ့လို ရူးကြောင် မူးကြောင် အကွက်တွေ လုပ်ဖူး ကြံစည်ဖူး
တာချည်းပဲ မလား ဟဲဟဲ။ ဒါပေမယ့် တွေးထားသလိုဖြစ်မလာဘူးရယ်။ ကျနော် ပြူတင်းပေါက်ကနေ အတင်း
တိုးတက် ပစ်လိုက်တော့ အခန်းထဲ ဝရုန်းသုံးကားဖြစ်ပီး ပြုတ်အကျမှာ သူလည်း ကြမ်းပြင်ပေါ် ဖင်ထိုင်လျှက် ကျ
နေတယ်လို့ ပြောခဲ့တယ်မလား။ အဲ့ဒီမှာ သူလက်နောက်ပြန် အထောက်မှာ ဘာသွားစမ်းမိထားသလဲ ဆိုတော့
မှန်တင်ခုံ အရှေ့ကြမ်းပြင်ပေါ်ချထားတဲ့ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံး ဆရာတို့ရေ။ ဆောင့်ကြောင့် ထိုင်နေရာကနေ
မောင်းချဓားကို ဖျောက်ကနဲဖွင့် ခုနကပြောသလို ဒိုင်ကြောင်တွေ လွှတ်မယ်ဆိုပီး ဖီလင်အပြည့်နဲ့ သူ့ကို မော့
အကြည့်မှာ ဂွပ်! ကနဲ အသံပဲ ကြားလိုက်ရတယ်။ အူးးး ကနဲအသံ ထွက် အော်ပီး ကြမ်းပြင်ပေါ် ခွေကျသွားတော့တာ။
ကြယ်တွေ လတွေမြင်သွားတာပဲ။ လက်ထဲက ဓားလွှတ်ကျသွားပီး ငယ်ထိပ်ကို လက်ကလေးနဲ့Aုပ် ဘေးတိုက်
ခွေခွေလေး လှဲပီး ငြီးနေရတယ်။ လက်တစ်ကမ်း အကွာကနေ သနပ်ခါးတုံးနဲ့ ထုပစ်တာဗျာ။ လက်ဆက တော်တော်
ပြင်းတယ်။ ဝိုးတဝါးနဲ့ မျက်လုံးမှေးလျှက်က ကြည့်လိုက်တာ ဒေါ်ခင်ချိုမေက သနပ်ခါးတုံးကို ကိုင်ထားတုံး သတိ
အပြည့်နဲ့ မိုးကြည့်နေတာ။ လှုပ်လှုပ်ရှားရှား ထပ်လုပ်လာရင် ထပ်အုပ် ဦးမယ့် အနေအထား။
Aသာလေးငြိမ်ပီး လှုပ်ကို မလှုပ်ရဲတော့ဘူး ဟီး။ ဆက်တိုက် မထုတာတောင် ကျေးဇူးတင်ရမယ်။
ငါးမိနစ်လောက် ငြိမ်ငြိမ်လေး ခွေနေရာကနေ အသာလေး လက်ထောက်ပီး ဖင်ထိုင်လျှက် Aနေအထားဖြစ်အောင်ပြင်
အနောက်ကို နည်းနည်းဆုတ်လိုက်တော့ ပြူတင်းပေါက် အောက်နားက သစ်သားနံရံကိုကျောမှီလျှက် ဖြစ်သွားတယ်။
အဲ့ဒီလို အနေအထားအတိုင်း ထိုင်နေရာကနေ တရွှတ်ရွှတ်နဲ့ ငိုပစ်လိုက်ကော အဟီး။ ရေလည် ကြေကွဲကုန်တာကိုး။
မျက်ရည်တွေ ဘာတွေ ပေါက်ပေါက်ကျ၊ နှပ်ချေးတွေ တရွှတ်ရွှတ်ဖြစ်ရာကနေ လက်ခုံနဲ့ မျက်ရည် သုတ်လိုက်ရင်း
လက်ကို ကြည့်လိုက်တော့ သွေးတွေ ပေနေတယ်။
ကျနော် ခေါင်း ပေါက်သွားတာဗျ ဟီး။ ဒါကြောင့် သူ ကျနော့်ကို ဘာမှ ဆက်မလုပ်တော့ပဲ သနပ်ခါး
တုံး ကိုင်ထားလျှက်နဲ့ ကြောင်ကြည့်နေတာကိုး။ သွေးတွေက မျက်လုံးပေါ်အထိ စီးကျလာတာ။ မျက်စိထဲ မြင်ယောင်
ကြည့် ကြစမ်းပါ။ သွေး အလူးလူးနဲ့ ဖင်ထိုင်လျှက် နံရံကိုမှီ သနားစဖွယ် တရွှတ်ရွှတ်နဲ့ ရှိုက်ကြီးတငင်ဖြစ်နေတဲ့
ချာတိတ် လေး ကို ဟီဟိ။ အဲ့မှာ အပျိုကြီး ဆရာမလေး ရေလည် စိတ်ထိခိုက် သွားတော့တာပဲ။
ရိပ်လည်း ရိပ်မိသွားတယ် ထင်ပါတယ်။ ကျနော် ဓားထောက်ပီး မုဒိန်းကျင့်ဖို့လာတာ မဟုတ်
မှန်း လေ။ သက်ပြင်းလေး ဟင်းကနဲချ၊ သနပ်ခါးတုံးကို လက်ကလွှတ်ချပီး ထထွက်သွားတယ်။ မှန်တင်ခုံ အံဆွဲလေး
တွေထဲ ဟိုရှာ ဒီရှာလုပ်ပီး ကျနော့်အရှေ့ ရောက်လာပီး ဆောင့်ကြောင့်ထိုင်၊ ဂွမ်းလိပ်ကလေးထုတ် သွေးတွေ
ဘာတွေ သုတ်၊ ခေါင်းပေါက်သွားတာကို ဆေးထည့်ပေးဖို့ လုပ်ပေးရှာတယ်။ စကားတော့ တစ်ခွန်းမှ မပြောဘူး။
အဲ့ဒီတော့ မှာ ပီဘိ ကလေးပေါက်စလေးလိုဖြစ်သွားတဲ့ ကျနော်က ဝမ်းနည်းနည်းနဲ့ မျက်ရည်တွေသုတ်ရင်း အသား
ကုန် တတွတ်တွတ်ရှင်းပြတော့တာပဲ။ ဓားထုတ်တာ သူ့ကိုတစ်ခုခုလုပ်ဖို့ မဟုတ်ရပါဘူး ဆရာမလေးပြန်မချစ်ရင်
သေပစ်လိုက်တော့မယ်ဆိုပီး ဘာပြုမလို့ပါ ညာပြုမလို့ပါပေါ့ ဟားဟား။ အဲ့လိုတွေ မျက်ရည်လည်ရွှဲ ရှင်းပြနေရင်း၊
သူပြုစုတာ ခံနေရင်း မသိမသာလေး ခိုးကြည့်လိုက်တာ ကျနော့်ရူပဗေဒဆရာမလေးရဲ့ တစ်ခါမှ မမြင်ဖူးတဲ့ ပြုံးစိစိ
မျက်နာလေးကို လှစ်ကနဲ မြင်လိုက်ရတယ် ဗျား။ မဟုတ်တာလုပ်နေတဲ့ ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်
က ဒီကလေးလေးဟာလေဆိုပီး ရယ်ချင်နေဟန် ပေါက်နေတဲ့ မျက်နာလေး။ ဆေးတွေ ဘာတွေထည့်ပေး၊ သွေးတွေ
ပေနေတဲ့ ကျနော့်မျက်နာကို ဖန်တကောင်းထဲက ရေတွေကို ဂွမ်းနဲ့ဆွတ်ပီး သုတ်သင်သန့်ရှင်းပေးပီးတော့ ကျနော့်
အရှေ့မှာ ထိုင်နေရာကနေ အထမှာ ခပ်တိုးတိုးလေး တစ်ခွန်း ရေရွတ်သွားသေးတယ်။
"အရူးလေး" တဲ့ :)
ပစ္စည်းပစ္စယ တွေကို အံဆွဲထဲ နေသားတကျပြန်ထည့်ပီးတော့ နံရံကိုမှီ ဖင်ထိုင်လျှက် ကလေး
ရှိနေဆဲ ကျနော့် အရှေ့မှာ လက်ကလေးပိုက်ပီး ပြုံးစိစိ လာရပ်ကြည့်နေတယ်။ ခပ်ဆိုးဆိုး မောင်လေးတစ်ယောက်ကို
ကြည့်နေတဲ့ အကြည့်မျိုးရယ်ဗျ။ သနပ်ခါးပါးကွက်ကြား ပါးကလေးဖောင်းဖောင်း ချစ်စရာမျက်နာလေးက ကပိုကရို
ဆံနွယ် မျှင်တွေအောက်မှာ လှတပတလေးရယ်။ အိမ်နေရင်း ဘလောက်စ်လက်ပြတ်ကလေးနဲ့ လက်ပိုက်ထားတော့
လက်မောင်း ချောမွှတ်မွှတ်ကလေးတွေက ဆွဲကိုက်ချင် စရာလေးတွေ။ ခါးသေးရင်ချီ ဟန်ပန်လေး။ အောက်က
ခပ်တင်းတင်း ခါးမှာ စည်းထားတာက ထမီအနက်ရောင် ဗြောင်ကလေးနဲ့ ဘယ်လိုလှမှန်းမသိတဲ့ ကျနော့် ရူပဗေဒ
ဆရာမလေးရယ်လေ။ ဘယ်တုံးကမှ မမြင်ခဲ့ဖူးတဲ့ အပြုံးလေးပါမြင်နေရတော့ လူကို ကတုန်ကယင်ကြီး ဖြစ်လာ
တာဗျာ။ ကြည့်ကောင်းကောင်းနဲ့ ငေးနေမိတာ အကြာကြီးပဲ။ လေးပေမီးချောင်းအောက်က အလင်းရောင်ဖွေးဖွေးမှာ
ကျက်သရေရှိလွန်းလှတဲ့ ဆရာမလေးကို ချစ်မြတ်နိုးစွာနဲ့ငေးရင်း ကျနော်သတိဝင်လာတယ်။ အရက်မူးတာက
လုံးလုံးပြေသွားပီလေ။ ရှက်တတ်ကြောက်တတ်လာပီ။ အသာလေး ကုန်းပီး ယိုင်တိုင်တိုင်နဲ့ မတ်တပ်ရပ်လိုက်တယ်။
ကျ.. ကျနော် ပြန်တော့မယ်ဆရာမလေး လို့အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်ရင်း ပြူတင်းပေါက်ကနေ အပြင်ဖက်က
သစ်ကိုင်းပေါ် ပြန်တွယ်တက်မယ့်ဟန်ပြင်လိုက်တယ်။
"ကျွတ်! မိုးတွေဒီလောက်သည်းနေတာ ဘယ်ကိုပြန်မှာလဲ ချော်ကျတော့မယ်"
... ... ... ( အဲ့လိုပြောသံကြားလိုက်ရတော့ လူကို ဘယ်လို နေရမှန်းမသိဘူး လှိုက်ကနဲ
ဝမ်းသာလုံးဆို့နေတာ ဒါပေမယ့် အူတူတူစတိုင်နဲ့ ဘာလုပ်ရမှာလဲဆိုတဲ့ မျက်နာပေးလုပ် လှည့်ကြည့်ပီး ငေးနေ
လိုက်တယ် )
သူ့ဖာသူ သံသေတ္တာတစ်ခုကိုဖွင့် ဟိုမွှေဒီမွှေလုပ်ပီး မွှေးပွတဘက်တစ်ထည်နဲ့ စောင်
အပါးလေး တစ်ထည် ထုတ်လာတယ်။ ကျနော့်ကို ကမ်းပေးလာတော့ အူကြောင်ကြောင်နဲ့ယူထားလိုက်မိတာပေါ့။
ရေစိုအဝတ်တွေလဲပီး ဒီစောင်နဲ့ပတ်ထားလိုက်.. လို့ပြောပီး အခန်းထဲကနေ ထွက်သွားကော။
အခန်းတံခါးကို အသာလေး ပြန်စေ့သွားခဲ့တယ်။ ကျနော်လည်း ဝမ်းသာလုံးဆို့ အဝတ်ရေစိုတွေ
အကုန်ချွတ်ချ၊ တဘက်နဲ့ကိုယ်တွေ ဘာတွေသုတ် ပရုတ်လုံးနံ့သင်းနေတဲ့ စောင်ပါးလေးနဲ့ တစ်ကိုယ်လုံးပတ်ပီးတဲ့
အချိန် မိုးကလည်း အသားကုန် သည်းလာတော့ ပြူတင်းပေါက် တံခါးတွေဘာတွေကောက်ပိတ်ပစ်လိုက်တယ် အဟိ။
ခဏနေတော့ ဒေါ်ခင်ချိုမေ အခန်းထဲ အသာလေးပြန်ဝင်လာတယ်။ ကြမ်းပြင်ပေါ်မှာ စောင်ကလေးပတ်ပီး မခုတ်
တတ်တဲ့ ကြောင်ပေါက်စလေးလို ခွေခွေလေးလှဲနေတဲ့ ကျနော့်အနားမှာ လာထိုင်ပီး ကြမ်းပေါ်မှာ အေးတယ်
..ဖျားလိမ့်မယ်ထ.. တဲ့ဟီး။ ထဆိုတော့ ထတယ်လေ။ ဘာဆက်လုပ်ရမှန်း မသိဘူး။ စောင်ကလေးပတ်၊ မတ်တပ်
ကလေးရပ်လို့။ မျက်နာချင်းဆိုင် ရပ်နေကြရာကနေ အသံတိုးတိုးလေးနဲ့ အရမ်းချမ်းနေရင် ချို့အိပ်ယာပေါ်မှာ
အိပ်လို့ရတယ် ချို ဟိုဖက်အခန်းမှာ သွားအိပ်ပေးမယ်ဆိုပီး ခေါင်းလေးငုံ့ရင်း ပြောနေတာကို.. စိတ်က လွှတ်ကနဲဖြစ်ပီး
အတင်း ဆွဲဖက် ထားလိုက်မိတော့တယ်။ သနပ်ခါးနံ့ သင်းသင်းလေးက မွှေးလိုက်တာ ညီအစ်ကိုတို့ရာ။ ကျနော့်
ရင်ခွင်ထဲ ရောက်လာတဲ့ ကိုယ်လုံးအိအိလေးက စိတ်လှုပ်ရှားလွန်းလို့လားမသိဘူး တဆတ်ဆတ် တုန်နေတာပဲ။
ဗလုံးဗထွေးနဲ့ ငြီးငြူသံလေးပါကြားလိုက်ရသေးတယ်။
"ကိုဖိုးသက်လေး ဘာလုပ်တာလဲ ချို အရမ်းရှက်တယ် လွှတ်ကွာ" တဲ့ ကျနော်လား?
သနပ်ခါး တုံးနဲ့ နောက်တစ်ခါ ထပ်ထုရင်တောင် မလွှတ်ပူးဗျာ ကဲ!
8) 8) 8) 8)
တဖက်သတ် ချစ်နေရတဲ့ ဆရာမလေးရဲ့ ကိုယ်လုံးAိထွေးထွေးလေးကို ပွေ့ဖက်ထားရတာဗျာ..
ညီAကိုတို့ စဉ်းစားကြည့်ပါလေ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းမလဲလို့။ စိတ်ခံစားမှုက အထွဋ်အထိပ်
ရောက်သွားတော့ ကျနော့်မှာ ကတုန်ကယင်ကြီးရယ်။ ချစ်စိတ်တက်တာက တစ်မျိုး အထိအတွေ့ ကလည်း (
နောက်နောင် ဘယ်မိန်းမနဲ့မှ အဲ့လို ခံစားချက်မျိုး ပြန်မရတော့ဘူးဗျ ) ပြန်ပြောမပြတတ်တဲ့ အရသာမျိုးဗျ။
ကိုယ်နံ့သင်းသင်းလေးရယ် သနပ်ခါးနံ့လေးရယ် ပေါင်းထားတဲ့ရနံ့၊ ဆံနွယ်တွေဆီ ကနေရနေတဲ့ တရော်ကင်မွှန်းနံ့
မျှင်းမျှင်းလေး၊ လက်မောင်းသားချောအိအိရဲ့အထိအတွေ့( ကျနော်က လက်တစ်ဖက်နဲ့ ခါးကျင်ကျင်လေးကို
သိုင်းဖက်ထားသလို ကျန်တဲ့လက်တစ်ဖက်က လက်မောင်းလေးကိုပွတ်ပေးနေမိတာ ) နဖူးပြေပြေကလေးကို
ကျနော့်ပါးနဲ့ ဖိကပ်ပီး အတင်းပွတ် ( လူနားကပ်ချွဲနေတဲ့ ကြောင်ပေါက်စလေးလိုပေါ့ဗျာ အဟိ ) အဲ့ဒီလိုတွေ
အချစ်ကြမ်း နေမိတာပေါ့လေ။
ကိုဖိုးသက်လေး လွှတ်ပါကွာ အဲ့လိုကြီး မဆိုးရဘူး လိမ္မာပါတယ် ( ကျနော့်ရင်ခွင်ထဲကနေ
မောနေတဲ့ အသံလေးနဲ့ ပြောနေရှာတာ )
ဟင့်အင်း! မလွှတ်ပရစေနဲ့ ဗျာ ချမ်းတယ် ချမ်းတယ် မလွှတ်ပူး ဆရာမလေးကို ကျ.. ကျနော်
ချမ်းလို့ သေတော့မယ် ( အမှန်က ချစ်တယ် လို့ပြောနေတာ ပါးစပ်က ဗလုံးဗထွေးနဲ့ ချမ်းတယ်ဖြစ်ကုန်ရော အဟီး )
ဟာကွာ! ဒါဆိုလည်း နည်းနည်းတော့ လျှော့ တအားကြီး ဖက်ပေးထားတာ ချို အသက်ရှူလို့
မဝတော့ဘူး အရိုးတွေလည်း ကျိုးတော့မယ်. .ဒုက္ခပါပဲနော်.. ( ဖက်ထားတာ နည်းနည်း အားပျော့သွားပေမယ့်
ဆံနွယ်စလေးတွေကို နမ်း ပေးနေမိတယ် )
အဲ့ဒီလိုအခြေနေကြီးနဲ့ ဒီအတိုင်း မတ်တပ်ရပ် ရင်ချင်းအပ် ဖက်ထားတာ တော်တော်ကြီးကို
ကြာသွားတယ်ဗျ။ ဘာ ဆက်လုပ်ရမှန်းလည်း မသိဘူး။ ပျော်နေတာပဲ သိတယ်ဗျာ။ အဲ့ဒီအချိန်မှာ ငချမ်းကို မင်း
လောင်မတီး လာဘူးလားလို့ ခင်ဗျားတို့မေးရင် ဘာမှမဖြစ်ဘူးလို့ပဲ ဖြေမယ်။ လူက ရေလည် အချစ်ဆိပ် တက်
နေတာကိုး။ တကယ် ပြောတာပါ။ ဒီလောက်လေးနဲ့တင် လူက လေထဲလွှင့်နေသလို တလှိုက်လှိုက်ဖြစ်ပီး ပျော်နေတာ။
ကိုဖိုးသက်လေး!
ဗျာ!
တော်ပီလေဟာ လွှတ်ပေးတော့..
ဟင့်အင်း
ဟောတော့်.. ဒါဆို ကျမတို့ဒီအတိုင်း မိုးလင်းထိ မတ်တပ်ကြီး နေရမှာလား? ( စိတ်အိုက်နေတဲ့
အသံလေးမှာ ရယ်သံလေးက စွက်နေသေးတာ )
အဲ့ဒီတော့မှ အသာလေး ဖက်ထားရာကနေ လွှတ်ပေးလိုက်တယ်။ လုံးဝကြီးတော့ လူချင်း
မခွာပေးဘူး။ လက်မောင်းချော အိအိလေးတွေကို စုံကိုင် ထားသေးတယ်။ ကျနော့်ရူပဗေဒ ဆရာမလေး ဒေါ်ခင်ချိုမေ
ဟာ ယောကျာ်းဆိုလို့ ရင်ဖိုတောင် မသန်းဖူးသေးမှန်း မော့ကြည့်လာတဲ့ မျက်နာလေးကို မြင်လိုက်တာနဲ့ ကျနော်
သိလိုက်ပီဗျ။ အရမ်းကို ရှက်ရွံ့ပီး ပန်းသွေးရောင် တောက်နေတဲ့ မျက်နာလေး။ အောက်နှုတ်ခမ်းလေးကို ကိုက်ပီး
ကျနော့်ကို လူဆိုးလေးဆိုတဲ့ မျက်နာလေးနဲ့ကြည့်နေတာဗျ။ မျက်ဝန်းနက်နက်လေးတွေက တောက်ပနေချက်များ
စိန်ပွင့်လေးတွေ အတိုင်းပဲ။ ကျနော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး ဆတ်ကနဲငုံ့ပီး အဲ့ဒီမျက်လုံးလေးတွေကို
နှုတ်ခမ်းနဲ့ဖိကပ်ပီး ဘယ်ညာ နမ်းပစ်လိုက်မိကော။ အိုကွာ! ဆိုပီး တုန်တက်သွားရှာတယ်။ ခဏလောက်ငြိမ်ကျသွားပီး
ကျနော့် ရင်ဘတ်ပေါ်ကို လက်ဖဝါးလေးနဲ့ အုပ်ကိုင် လာတယ်။ ကျနော့်ရင်ဘတ်ကလည်း တဒိန်းဒိန်းမြည်အောင်
ရင်တွေ ခုန်နေတာကိုး။ သူ့လက်နဲ့အုပ်ကိုင်လိုက်တော့ သိသွားပုံရတယ် ကျနော့်ကို အပြုံးချိုချိုလေးနဲ့ မော့ကြည့်ရင်း
အိပ်စို့! တဲ့။ သူ့ကုတင်လေးဆီ ဆွဲခေါ်သွားရော။ ရင်ထဲမှာတော့ ဘာပြောကောင်းမလဲ ဗလောင်ဆူချက်ပေါ့။
ကုတင်ပေါ်တက်ပီး လှဲအိပ်ခိုင်းတယ်။ စောင်ပတ်ထားတဲ့ ကျနော့်ကို နောက်ထပ် စောင်တစ်ထည်ထပ်ခြုံပေးတယ်။
ပက်လက်ကလေး အိပ်ပီး ငြိမ်ခံနေတဲ့ ကျနော့်ကို နဖူးလေး တစ်ချက်ပွတ်ပေးပီး အိပ်တော့နော်! လို့ပြောပီး
ကုတင်ပေါ်က ဆင်းသွားရော။
ဆရာမလေး ဘယ်သွားမလို့လဲဗျာ! မအိပ်ဖူးလား?..........................................................
No comments:
Post a Comment