ချေ မွလိုက်
××××××××××××
( နော်နော် ရေးသည်)
ချစ်စုသဲသဲ အရမ်း အံ့သြသွားသည် ။ ဟေမာငွေနှင်းတို့ ခေါ်သွားတဲ့ ဒီ ကလပ်က သူထင်ထားတာထက်
ပိုသားနားနေလို့ ။ ပိုရှိုင်းနေလို့ ။ သားသားနားနား ဘဲလေးတွေလည်း တပုံကြီး လေ .. ။ချစ်စုသဲသဲ အတွက် ဒီ ဇုံ (
Zone) ဆိုတဲ့ ကလပ်အသစ် နေရာအသစ်က အထူးအဆန်းတွေ ချည်း။ မြန်မာပြည်မှာ ဒီလို နေရာမျိုး ရှိသည်ဆိုတာ
ချစ်စုသဲသဲ အခု ကိုယ်တိုင် ရောက်ဖူးမှ သိသွားသည် ။ နိုင်ငံခြား တိုင်းပြည် တခုကို ရောက်သွားသလို စိတ်ထဲမှာ
ခံစားလိုက်ရလို့ ။
“ ချစ်စု ”
“ ဟင် ..ဘာလဲ..ဟေမာ ”
“ ဟိုမှာကြည့် ..အရမ်းလန်းတယ် ..”
“ ဘယ်တယောက်လဲ ..ဟေမာ ..”
“ ဟိုမှာလေ ..စောစောက ဘရိတ်ဒန့်စ်ကတဲ့ ဟို ပိုးဟတ်ဖြူလေး နဲ့ တော်ကီပွားနေတဲ့ဘဲ ...”
ဟေမာငွေနှင်း ပြတဲ့ဘဲကို ချစ်စုသဲသဲ တွေ့ပြီ ..။ အိုး ။ ဟေမာပြောတာ ဟုတ်တယ် ။ ဘဲက အလန်းစား ။
ဝတ်တာကလဲ လန်းသည် ။ဆံပင်ပုံနဲ့ လူပုံက ဗီဒီယိုမင်းသား အောင်ရဲလင်းလို ဒီဇိုင်း ။ ဘရိတ်ဒန့်စ်ကတဲ့
ပိန်ပိန်သွယ်သွယ် စလင်းလေးနဲ့ တော်ကီတွေ ပွားနေတာ မရပ်မနား ..။
ကြည့်နေတုံးဘဲ သူ့အနားကို စော်အလန်စားလေးတွေ ဝိုင်းလာသည် ။ ဟွန်း..ကောင်မတွေကလဲ မိုက်တဲ့
ဘဲဆို အရှက်မရှိ ဝိုင်းအုံနေကြတယ် ။ သူများတွေကို ပြောသာ ပြောရတယ် ...ချစ်စုသဲသဲလဲ ဒီဘဲချောချောကို မကြာ
ခဏ ကြည့်မိနေသည် ။ သူ့ကို လူတွေရှုပ်ပြီး မတွေ့တော့ရင် ချစ်စုသဲသဲ လိုက်ရှာမိနေသည် ။
ဟေမာငွေနှင်းရဲ့ သူငယ်ချင်း မိမိဦး မိတ်ဆက်ပေးလို့ သူတို့ ချောင်းငမ်းနေတဲ့ အလန်းစားဘဲ နဲ့ ဘော်ဒါ
ဖြစ်ကြရသည် ..။ သူ့နံမည်က ဖရန်ကီမိုးမြင့် ....တဲ့ ။ အရမ်းချမ်းသာတဲ့ သူဌေးကြီးတယောက်ရဲ့ သား တဲ့ ။
မိမိဦးနဲ့ ဖရန်ကီက အဖေချင်းသိကြခင်ကြလို့ သူတို့အိမ်ကို မိမိဦးက ရောက်ဖူးသည် ။ မိမိဦး မိတ်ဆက်ပေးတော့
ဖရန်ကီမိုးမြင့်နဲ့ ချစ်စုသဲသဲ လက်ဆွဲနုတ်ဆက်ကြတော့ သူ့လက်နဲ့ ချစ်စုလက် ထိတွေ့တဲ့အချိန် ချစ်စုတကိုယ်လုံး
ရှိန်းရှိန်း ဖိန်းဖိန်း ဖြစ်သွားသည် ။ ကြက်သီး မွေးညင်းတွေ ထသွားသည် ။ စုးရှတဲ့ သူ့မျက်လုံးတွေရဲ့ ဒါဏ်ကို
ချစ်စုသဲသဲ ရင်မဆိုင်နိုင်ဘူး ။ သူ့အကြည့်တွေက စူးစူးရှရှကြီးနဲ့ ...။
ချစ်စုသဲသဲရဲ့ တကိုယ်လုံးကိုသူ အဝတ်မပါဘဲ တွေ့နေရသလိုကြီး ။ ဇုံကလပ် ရဲ့ မန်နေဂျာကြီးက
ဖရန်ကီမိုးမြင့် ကို ပြာပြာသလဲ ဆက်ဆံသည် ။ ဘာလိုလဲ တချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ ။မျက်နှာကြီးရာ
ဟင်းဖတ်ပါတယ်ဆိုတာ ဒါမျိုးဘဲ ဖြစ်မည် ။ တချို့ ဇုံကလပ် ထဲကို ဝင်ချင်ကြပေမဲ့ လူပြည့်နေပြီ ဆိုတဲ့ ဆိုင်းဘုတ်
ချိတ်ဆွဲထားတဲ့အပြင် တုတ်ခိုင်တဲ့ လူကြီးတယောက်က မျက်နှာထားတင်းတင်းနဲ့ အပေါက်ဝက စောင့်ပြီး
ပေးမဝင်လို့ ဝင်ခွင့်မရကြဘူး ။ ဟေမာငွေနှင်းနဲ့ မိမိဦးတို့နဲ့ အတူတူလာလို့ ချစ်စုသဲသဲတို့ကို ဇုံကလပ်က
မန်နေဂျာကြီး ကိုယ်တိုင်က အပြင်ကို ထွက်ကြိုခဲ့တာ ။
ဖရန်ကီမိုးမြင့်က မိမိဦးကို နောက်ပြောင်ပြီး မုမုအီး လို့ ခေါ်သည် ။
“ မုမုအီး..အိမ်လာလည်အုံးလေဟာ ..နင့်သူငယ်ချင်း ပါ ခေါ်ခဲ့..ငါ့အိမ်မှာ ပူးဆိုက်ပါတီ ရှိတယ်..ဒီဆက်တဒေး ”
လို့ မိမိဦးကို ပြောလိုက်သည် ။ မိမိဦးရဲ့ သူငယ်ချင်းဆိုတာ ချစ်စုသဲသဲကို ဆိုလိုတာမှန်း ချစ်စုသဲသဲရော တခြား
ဘော်ဒါတွေရော သိလိုက်ကြသည်။ ဖရန်ကီမိုးမြင့်သည် တော်ရုံစော်ကို အဖက်လုပ်ပြီး စကားတောင်မပြောဘူးလို့
မိမိဦးက သူတခြားဖက်ကို ထွက်သွားတဲ့အချိန် ပြောပြသည် ။ ချစ်စုသဲသဲကို သူ ခင်မင်ချင်လို့ ဖိတ်တာလို့
ပြောပြသည်။ တကယ်တော့ ချစ်စုသဲသဲသည် ဟေမာငွေနှင်း ခေါ်သွားလို့သာ ဇုံကလပ်လိုနေရာကို ရောက်ဖူးရတာ
။ ချစ်စုသဲသဲသည် ဟေမာငွေနှင်း. . မိမိဦးတို့လို လူဂုဏ်တန် အသိုင်းအဝိုင်းက မဟုတ်ဘူး ။
ချစ်စုသဲသဲ အဖေက အစိုးရဌာနတခုက အရာရှိတယောက် ဖြစ်ပေမဲ့ ကင်ဆာရောဂါနဲ့ ဆုံးသွားတာ
နှစ်နှစ်ကျော် လောက်ရှိပြီ ။ ချစ်စုသဲသဲရဲ့ အမေနဲ့ အမကြီးတို့က မုန့်ဟင်းခါးဆိုင်တဆိုင်ဖွင့်ထားသည် ။
ချစ်စုသဲသဲ တို့သည် အဖေရှိတုံးက နေခဲ့တဲ့ တိုက်ခန်း ကောင်းကောင်းမှာတောင် မနေနိုင်ကြတော့ဘဲ ဈေးပေါတဲ့
မြို့သစ်က တိုက်ခန်း သေးသေး ညံ့ညံ့ကို ပြောင်းခဲ့ကြရတဲ့အထိ အိမ်စီးပွားရေး အခြေအနေက ကျဆင်း
နိမ့်ပါးခဲ့သည် ။
ဟေမာငွေနှင်းနဲ့ ချစ်စုသဲသဲတို့က အထက်တန်းကျောင်းသူ ဘဝထဲက အရမ်းခင်မင်တွဲခဲ့ကြတဲ့
သူငယ်ချင်းတွေ ဖြစ်သည် ။ မိမိဦးနဲ့က ဟေမာငွေနှင်းနဲ့ ပတ်သက်ပြီး ခင်မင်ကြရတာ ။ မိမိဦးက ချမ်းသာတဲ့ မိဘ
အသိုင်းအဝိုင်းက ဖြစ်ပေမဲ့ ဟေမာငွေနှင်းလိုဘဲ ဘော်ဒါစိတ်ရှိပြီး အဆင့် အတန်း ခွဲခြားတတ်တဲ့ စိတ်မရှိလို့
ချစ်စုသဲသဲနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း အရင်းအခြာတွေ ဖြစ်လာကြသည်။ မိမိဦးက ချစ်စုသဲသဲကို ဖရန်ကီ့အိမ်က
ပူးဆိုက်ပါတီ Poolside Party ကိုသွားဖို့ ခေါ်သည် ။ ယူရောက်ဖူးဖို့ကောင်းတယ်.. ချစ်စု.. နန်းတော်ကြီးလိုဘဲ
သားနားတာ . .ဒို့အိမ်နဲ့တခြားစီဘဲကွ.. ဖရန်ကီတို့အိမ်က အံ့မခန်းပါကွာ.. လိုက်ကြည့်သူငယ်ချင်း ... လို့
ပြောသည်။
Zone ကိုသွားတဲ့ညက ချစ်စုသဲသဲသည် အမေနဲ့ အမကြီးကို သူငယ်ချင်း မွေးနေ့ပွဲကိုသွားမယ်လို့
ညာပြောရသည် ။ ကလပ်သွားမည်ဆိုရင် အမေတို့က ခွင့်ပြုမှာ မဟုတ်ဘူးလေ ။ ချစ်စုသဲသဲက ဖြူဖွေးချောမောတဲ့
ကောင်မလေးဆိုတော့ သူငယ်ချင်းတွေက ဖီးလိမ်းပြင်ဆင်ဝတ်စားပေးလိုက်သောအခါ သာမန် နွမ်းပါးတဲ့
မိသားစုက ဆိုတာ မသိသာတော့ဘဲ မြန်မာပြည်ရဲ့ ထိပ်သီး သူဌေးကြီးဦးမိုးမြင့်ရဲ့ သား ဖရန်ကီကတောင်
မျက်စိကျကာ သူ့အိမ်ကို ဖိတ်ခေါ်လေသည် ။
ဒီနေ့မနက် ချစ်စုသဲသဲ နေဖင်ထိုးတဲ့အထိ မထဘူး ။ သူ့ကို ထခိုင်းမဲ့ မေမေရော မမကြီးရော မရှိလို့ ။
သူတို့ မနက် အစောကြီးထပြီး အဝေးပြေးကားကြီးနဲ့ ဘုရားဖူးသွားကြသည် ။ ကျိုက်ထီးရိုးကို ။ ချစ်စုသဲသဲ ဒီနေ့
လွတ်လပ်သည် ။ ဘော်ဒါတွေနဲ့ ရှော့ပင်သွားကြမလို့ ။ ဘာမှတော့ မဝယ်နိုင် ။ ဝယ်ဖို့ ပိုက်ဆံက မရှိ ။ငေးရုံဘဲ ။
သူငယ်ချင်းတွေနဲ့ အတူတူ သွားရတာတွေကို ပျော်သည်။ သူ့ထက်စာရင် မုန့်ဖိုးတွေရပြီး မိဘချမ်းသာသော
ဟေမာငွေနှင်း နဲ့ မိမိဦး တို့က စားသောက်ကြရင် ဝယ်ကျွေးနေကျမို့ ချစ်စု စိတ်ပူစရာမလိုဘူး ။ တကယ့်
သူငယ်ချင်း ကောင်းတွေ ရထားတာ ။
ဒေါက်...ဒေါက် ...ဒေါက် ...ဒေါက် .....
အာ...အိပ်ကောင်းနေပါတယ် ဆိုမှ တံခါးလာခေါက်နေတယ် ....စောစောစီးစီး ဘယ်သူလဲမသိဘူး ..။ အိပ်မှုံစုံမွှားနဲ့
ထကြည့်သည် ။ ဘယ်သူလဲ...။
အိုး ..။ မေမေတို့ မမကြီးတို့ဆီကို လာလာနေတဲ့ လူကြီး ။
ကိုသူရိန်ထွန်း ...။
တံခါးဖွင့်ပေးလိုက်ပြီး ဒီလူကြီးကို မေမေနဲ့ မမကြီးတို့ ဘုရားဖူး သွားကြတဲ့အကြောင်း ပြောပြလိုက်သည်
.။ ဒီလူကြီးရဲ့ အကြည့်တွေက စူးစူးရှရှနိုင်လွန်းလို့ သူဘယ်ကိုစိုက်ကြည့်နေတာလဲ ဆိုတာကို ကြည့်လိုက်တော့
..ဟယ် သူ.. သူ ချစ်စု ရင်ဘတ်ကို ကြည့်နေတာ ..။ အခုမှ ချစ်စုဖါသာ သတိထားမိသည် ..။ အိပ်ရာထဲက
ထလာတာမို့ ညအိပ်ရင်း ချစ်စုက ဘယ်တော့မှ ဘရာခံပြီး မအိပ်ဘူး ဆိုတော့ ချစ်စုရဲ့ အကျၤ ီပါးပါးအောက်က
ရင်သားတွေကို သူ နှာဘူးထနေတာ ။
“ ကိုယ် ခဏ ထိုင်လို့ရမလား ...”
“ မရဘူး ..”
“ ဗျာ...ဘာလို့ ..”
“ ချစ်စု အိမ်မှာ တယောက်ထဲ..မေမေနဲ့ မမကြီးတို့ ရှိတဲ့အခါမှ ပြန်လာပါလား ”
ကိုသူရိန်ထွန်း ချစ်စု ပြောတာကို သဘောမကျ မကြိုက်ဘူးဆိုတာ သူ့မျက်နှာမှာ ပေါ်လွင်နေသည် ။ ဒါပေမဲ့
သူ ချစ်စုကို “ ကောင်းပြီလေ..ကိုယ် ပြန်တော့မယ် ..” လို့ မကျေမနပ်ကြီး ပြောပြီး အိမ်ထဲက ပြန်ထွက်သွားသည် ။
နေခြစ်ခြစ်တောက် ပူနေသည် ။ ချစ်စု ကျောင်းသွားဖို့ ကားစောင့်နေသည် ။ ဘတ်(စ် ) ကားက
မလာသေး။ ဘတ်( စ် )ကား မှတ်တိုင်မှာ လူတွေ တပုံတခေါင်းကြီး သည် ဘတ်( စ် )ကား လာမယ့်ဖက်ကို လှည့်ပြီး
မျှော်နေကြသည် ။ နေပူပူအောက် အခြေခံလူတန်းစား ရဲ့ နေ့တိုင်း ရင်ဆိုင်နေရတဲ့ကိစ္စ ။ ဘတ်( စ် )ကား
စောင့်ရင်း ဟိုနေ့က ကိုသူရိန်ထွန်းကို ကောင်းကောင်း မဆက်ဆံလိုက်လို့ ဆိုပြီး မေမေနဲ့ မမကြီးတို့က ချစ်စုကို
ဆူကြသည် ။ ဟွန်း ..။ မေမေက သိပ်ဘက်လိုက်တာဘဲ ။ မမကြီး ဖက်က အမြဲ ဘက်လိုက်သည် ။ ချစ်စုကို ဆူဘဲ
ဆူနေတာဘဲ ။ တခါတခါ ချစ်စု မေမေ့အဆူကို မခံချင်လို့ အိမ်ကတောင် ထွက်ပြေးသွားချင်သည် ။
အဲ့လူကြီး ကိုသူရိန်ထွန်းကို နောင်ဆိုရင် လေးလေးစားစား ခင်ခင်မင်မင် ဆက်ဆံဖို့ မေမေနဲ့ မမကြီးက
ချစ်စုကို ကောင်းကောင်း လက်ချာ ရိုက်ကြသည် ။ ကိုသူရိန်ထွန်းကြီးက မမကြီးနဲ့ မေမေတို့ ရောင်းနေတဲ့
မုန့်ဟင်းခါးဆိုင် ကို ဆိုင်ခန်း ကောင်းကောင်းလေးနဲ့ သားသားနားနား ဖွင့်နိုင်ဖို့ ငွေအရင်းအနှီး ထုတ်ပေးခဲ့တယ်
လို့ မမကြီး နဲ့ မေမေက ပြောပြသည် ။ ဘယ်လောက်လဲ လို့ ချစ်စု မေးကြည့်လိုက်သည် ။ ဘုရား ဘုရား..
သိန်းငါးဆယ်တဲ့ ..။
“ သူက ဘာအတိုးမှ မယူဘဲ ချေးတာ..သူ့ကျေးဇူးတွေ ဒို့တတွေ အပေါ် တအားကြီးတယ် ..ချစ်စု ..
ကိုသူရိန်ကြီးကလေ.. ညည်းကို သဘောကျနေတာ..” လို့ ပြောသည် ..။
ဘာရယ် .. ။ ချစ်စုကို သူက သဘောကျတယ် ..။ အမလေး ..။ သူက ..။ လူပုံက တောသူကြီးလိုလို ..အညာ
ဆီကုန်သည်လိုလိုနဲ့ ...။ ရရာစစ ..။ အမဲရိုးက ဟင်းအိုးမှ အားမနာ ..။
“ မမကြီးရယ် ...ချစ်စုထက် သူက အသက်အများကြီး ကြီးတာ ..သဘောကျခြင်းကျ..မမကြီးကိုဆို တော်သေး ...”
“ သူက ငါ့ကို သဘောမကျဘူးဟဲ့. .ညည်းကိုဘဲ သဘောကျတာ ..သူက ငါ့ကို အမြဲ နောက်သလိုလိုနဲ့..မသစ်နု
ညီမလေးကို ကျနော် လာတောင်းရမ်းမှာဗျ နဲ့ ပြောပြောနေတာ ”
အလုပ်များနေတဲ့ မေမေက “ ချစ်စု..မောင်သူရိန်ထွန်းကို ရိုရိုသေသေ ဆက်ဆံပါ ..သူတို့က ဆွေကြီးမျိုးကြီးတွေ
..သူဌေးတွေ ” လို့ ဝင်ပြောသည် ။
ဟွန်း ..ဘတ်(စ် )ကား မလာလို့ စိတ်ညစ်ရတဲ့အထဲ မေမေနဲ့ မမကြီးတို့ ပြောတာတွေကို ပြန်တွေးမိပြီး
ရင်ဘတ်ထဲ မကျေနပ်မှုတွေက ပြည့်ကျပ်သွားလို့ ပိုပြီး စိတ်ညစ်သွားသည် ။ မျက်မှောင်လေး ကြုံ့နေသော
ချစ်စုသဲသဲ ကို ကောင်လေးနှစ်ယောက်က မကြားတကြားနဲ့..“ ဘဲနဲ့ ရန်ဖြစ်ထားလို့ ဖြစ်မယ် ..မျက်နှာလေးက
ပုပ်သိုးနေတာဘဲ ...” လို့ စသွားကြ သည် ။
ဒီကောင်လေးတွေဆီကို မျက်စောင်းပြင်းပြင်းတချက် ထိုးပစ်လိုက်ရင်း တဖက်ကို လှည့်ရပ်လိုက်တော့
သူ့ရှေ့ကို ညင်ညင်သာသာလေး ထိုးဆိုက်လာတဲ့ ဇိမ်ခံကားလှလှကြီးတစီးကို ချစ်စု တွေ့လိုက်ရသည် ။
အပြာနုရောင်လိုလို. .ငွေမှင်ရောင်လိုလို တောက်ပနေတဲ့ ကားအလန်းစားကြီး ။ ချစ်စုတို့ တခါမှ မစီးဘူးတဲ့
သူဌေးတွေ စီးတဲ့ကားကြီး ။ ကားကြီးရဲ့ ရှေ့ခန်းက မှန်ချပ် တတိတိနဲ့ လျောကျလာသည် ။ နေကာမျက်မှန်
တပ်ထားတဲ့ ပြုံးနေတဲ့ မျက်နှာတခု ပေါ်လာသည် ။
ဟင် ...ဖရန်ကီ ...ဖရန်ကီမိုးမြင့် ...
“ မုမုအီးရဲ့ ဘော်ဒါ ချစ်စုသဲသဲ မဟုတ်လား ...”
“ ဟုတ်တယ် ..”
“ အိမ်က ကား မအားလို့လား..ပျက်လို့လား ..တက်(က်)စီကား စောင့်နေတာလား ...”
ဖရန်ကီမိုးမြင့်ရဲ့ မေးခွန်းတွေက များလိုက်တာ ။ ဘာပြန်ဖြေရမှန်းမသိ ။ မဖြေ ။ ဖရန်ကီသည် မိမိဦး ဟေမာငွေနှင်း
တို့နဲ့တွဲနေတဲ့ သူငယ်ချင်းမို့ သူတို့လိုဘဲ ကားစီးနိုင်တဲ့ လူတန်းစားထဲကလို့ ထင်နေပုံရသည် ။
“ လာလေ..ဒို့ လိုက်ပို့မယ် ..”
ဘတ်(စ် )ကားကလဲ မလာ...ကျောင်းချိန်လဲ ကပ်နေပြီ ။ ဖရန်ကီ့ကားကြီးထဲကို ချစ်စုသဲသဲ ဝင်ထိုင်လိုက်သည် ။
မွှေးပျံ့တဲ့ အနံ့နဲ့ အဲကွန်း အရသာကို ခံစားလိုက်ရသည် ။ ကားထဲမှာ သီချင်း ဖွင့်ထားသည် ။ ငြိမ့်ငြောင်းတဲ့
သီချင်းသံလေးက ခပ်တိုးတိုး ကြားနေရသည် ။
“ ချစ်စုကို ဘယ်ကို ပို့ပေးရမလဲဟင် ”
“ ကျောင်းကို ..”
“ အိုခေ.. ဒို့ လိုက်ပို့မယ် ”
ဖရန်ကီ သည် အဝါနုရောင် စပို့ရှပ်အကောင်းစား တထည်ကို ရင်ဘတ်ကြယ်သီး မတပ်ဘဲ ဝတ်ထားသည် ။ လည်ပင်း
နေရာမှာ ရွှေကြိုး သေးမျှင်မျှင်ဆွဲထားတာ တွေ့ရသည် ။ လက်မှာက ရွှေလက်ပတ်ကြိုး ခပ်တုတ်တုတ်နဲ့ နာရီ
တလုံးကို ပတ်ထားသည် ။
“ ချစ်စု ...ဒို့ ချစ်စုလို့ ခေါ်မယ်နော်..ရတယ် မဟုတ်လား ”
“ ဟုတ်..ရပါတယ် ”
“ ချစ်စု ..ကမ်းမင်း ဆက်တဒေး..ဒို့အိမ်မှာ လုပ်မယ့် ပူးဆိုက်ဒ်ပါတီ ကို လာခဲ့ဖို့ ဖိတ်ပါရစေ ...”
“ဟုတ် ”
“ မုမုအီးတို့နဲ့ လာမှာလား ”
“ အင်း..ဟုတ်တယ် ”
“ လာခေါ်စေချင်ရင် ပြောနော် ..ဒို့ လာခေါ်ပေးနိုင်တယ် ..”
ချစ်စုက ခေါင်းငြှိမ့်ပြလိုက်သည် ။ ဖရန်ကီက ချစ်စု မူအရာကို ငဲ့ကြည့်ပြီး ပြုံးသည် ။
“ ဘာပြုံးတာလဲ ..”
ချစ်စု မျက်စောင်းလှလှလေးကို ဖရန်ကီ ရသွားသည် ။
“ ချစ်စုက စကားမပြောဘဲ ခေါင်းဘဲ ငြှိမ့်ငြှိမ့်ပြနေလို့လေ...”
ချစ်စုလဲ ပြုံးမိသွားသည် ။ သူနဲ့ စကားပြောရတာ စိတ်ထဲမှာ ပျော်သလိုဘဲ ။ သူက သိပ်ကြည့်ကောင်းတာဘဲ ။
ရုပ်ရှင်မင်းသားတွေ ထက်တောင် ကြည့်ကောင်းသေးတယ် ..။ သူ့ကို ဇုန်ကလပ်မှာ စတွေ့ဖူးထဲက ချစ်စု စိတ်ထဲမှာ
သဘောကျမိခဲ့တာ ။ ကားထဲမှာ အဲကွန်းကြောင့် စိမ့်အေးနေသည် ။ ချစ်စု ကားအပြင်ကို ထွက်ရမှာတောင်
ဝန်လေးနေသည် ။ ကျောင်းရောက်ပြီ ။ ကားပေါ်က ဆင်းခါနီး ဖရန်ကီက ပူးဆိုက်ပါတီကို ဆက်ဆက် လာခဲ့ဖို့
ထပ်ဖိတ်သည် ။ ချစ်စုလဲ လာနိုင်အောင် ကြိုးစားမယ်လို့ ပြန်ပြောလိုက်သည် ။
တကယ်လဲ ချစ်စု ဖရန်ကီ့အိမ်ကို ရောက်ဖူးချင်သည် ။ သူနဲ့ စကားပြောရတာ ချစ်စု ရင်ခုံသည် ။
သူ့အကြည့် တွေထဲ အချစ်ရဲ့ အရိပ်အရောင်တွေ ပါနေသလို ထင်မိသည် ။ သူ့ကားကြီး ထဲက ထွက်လိုက်တာနဲ့
အပူလုံးကြီး ဝုန်းကနဲ ချစ်စုကို ဝင်ဆောင့်သည် ။ သူ့ကားထဲကိုတောင် ပြန်ပြေး ဝင်လိုက်ချင်တဲ့ စိတ်ပေါက်သည် ။
သူ့နားကနေ ဖြည်းဖြည်းလေး ပြန်လည် မောင်းထွက်သွားတဲ့ ဇိမ်ခံကားလှလှကြီး ကို ချစ်စု အထင်တကြီး
ငေးမောရင်း ကျန်ခဲ့သည် ။ ကျောင်းဆောင်ထဲကို ချစ်စု မဝင်နိုင်သေး ။
ဖရန်ကီမိုးမြင့် ရဲ့အိမ်က ပူးဆိုက်ပါတီကို ချစ်စုသဲသဲ ရောက်သွားသည် ။ ဟေမာငွေနှင်း.. မိမိဦးတို့နဲ့ ။
ဖရန်ကီမိုးမြင့် တို့ မိသားစုရဲ့ ခြံနဲ့တိုက်ကြီးက ချစ်စုထင်ထားတာထက် ကြီးကျယ်ခန်းနား နေသည် ။ ဖရန်ကီတို့က
သူထင်ထားတာထက်တောင် ပို ချမ်းသာ သည် ။ တိုက်ကြီးကလဲ ရဲတိုက်ကြီးတခုလိုဘဲ မြင့်မားကြီးကျယ်လှသည် ။
တိုက်ကြီးရဲ့ အနောက်ဖက်က ရေကူးကန်ကြီးကလဲ ခန်းနားလှသည် ။ ရေကူးကန်ကြီးရဲ့ ဘေး ပတ်ပတ်လည်မှာ
မီးရောင်စုံတွေ ချိတ်ဆွဲထွန်းညှိထားပြီး စားပွဲခုံတွေ ချထားသည် ။ ချစ်စုတို့ ရောက်ရောက်ချင်း အချိန် ဖရန်ကီ က
ရေကူးပြိုင်ပွဲ လုပ်မည် လို့ သူငယ်ချင်းအားလုံးကို ပြောသည် ။ ယောကျ်ားပြိုင်ပွဲ.. မိန်းမပြိုင်ပွဲ လုပ်မှာ လို့ ပြောသည်။
ရေကူးပြိုင်မယ့် မိန်းကလေးတွေ နဲ့ ယောကျ်ားလေးတွေ သည် အဝတ်လဲတဲ့ တိုက်အိမ်လေးမှာ
ရေကူးဝတ်စုံတွေ လဲလှယ်ဝတ်ဆင်နေကြသည် ။ ဒီ အဝတ်လဲတဲ့ တိုက်ပုလေးကတောင် ချစ်စုတို့ နေတဲ့
တိုက်ခန်းထက် အများကြီး ပိုကြီးသည် လို့ ချစ်စု ထင်သည် ။ ပထမဆုံး မိန်းကလေးတွေ ပြိုင်ရမည်လို့ ဖရန်ကီက
ပြောသည် ။ ချစ်စုတို့ ထိုင်နေရာကို ဖရန်ကီ ရောက်လာပြီး..“ မုမုအီးတို့ ချစ်စုတို့ကော ဝင်မပြိုင်ဘူးလား..
ဆုပေးမှာနော.. ဆုက အရမ်းကောင်းတယ် ...”လို့ ရယ်ပြီး ပြောသည် ။ ဟေမာငွေနှင်းက “ ဆုက ဘာလဲဟင်
..ဖရန်ကီ ...”လို့မေးသည် ။ ဖရန်ကီက ရေကူးကန် နားမှာ ရှိနေတဲ့ ပြိုင်စက်ဘီးတစီးကို ပြသည် ။
“ ဒါ ပထမဆုဘဲ .. ဒုတိယ.. တတိယဆုတွေလဲ ရှိသေးတယ် ..”လို့ ပြောပြသည် ။
မိန်းကလေးတွေ ရေကူးဝတ်စုံတွေနဲ့ ရေကူးကန်နဘေးကို ထွက်လာကြသည် ။ ရေကူးပြိုင်မယ့်အထဲ မှာ
ဇုန်ကလပ်မှာတုံးက ဖရန်ကီ နဲ့ ပူးပူးကပ်ကပ် တော်ကီပွားနေတဲ့ အသားဖြူပတ်ဖြူရော်နဲ့ ပိုးဟတ်ဖြူလို့ သူတို့က
နံမည်ပေးခဲ့တဲ့ ပိန်ပိန်ကောင်မလေး လဲ ပါသည် ။ တူးပိစ် နှစ်လွှာ ရေကူးတ်စုံလေးတွေနဲ့ မိန်းကလေးတွေ က
ကြွကြွရွရွလေးတွေ နဲ့ ရေကူးကန်ဘေးမှာ လမ်းသလာနေကြသည် ။ “ ဖရန်ကီ..ဖရန်ကီ ...” နဲ့ ဖရန်ကီမိုးမြင့်ကို
ဝိုင်းအုံနေကြသည် ။ ချစ်စုစိတ်ထဲမှာ မိန်းကလေးတွေ က ဖရန်ကီကို အရောတဝင် ပူးကပ်နေကြတာကို
မနှစ်မြို့သလိုဘဲ ။ မနာလို ဖြစ်တာလား .. ကိုယ့်ဖါသာ စဉ်းစားလိုက်မိသည် ။ ဖရန်ကီ့ကို ငါ ကြိုက်နေ
ပြီလား ..။ ဖရန်ကီ့ကို စတွေ့တွေ့ချင်းထဲက ချစ်စု စိတ်ဝင်စားမိခဲ့တာဘဲ လေ ။
ပြိုင်ပြီ ..။ ရေကူးကန်ရဲ့ တဖက်ထိပ်မှာ ရေကူးပြိုင်မယ့် မိန်းကလေး သုံးယောက်တန်းစ ရပ်နေကြသည် ။
ရေကူးကန် တဖက်ထိပ်ကနေ ဖရန်ကီမိုးမြင့်က လက်နှစ်ဖက်ကို မြှောက်ထားသည် ။ သူ့လက်တွေ ချလိုက်တာနဲ့
အသင့်ပြင်ထားတဲ့ မိန်းကလေးတွေက ရေထဲကို ခုန်ဆင်းကြရမည် ။ ပိုးဟပ်ဖြူလေး သည် ရေကူးဝတ်စုံ အနီလေးနဲ့
ရေကူးကန်ထဲကို ခုန်ဆင်းရန် အဆင်သင့် ဖြစ်နေသည် ။ ဟေမာငွေနှင်းက “ ပိုးဟပ်ဖြူလေးက ပိန်တယ်
ထင်ရပေမယ့် မဆိုးဘူးဟ .. ကိုယ်လုံးလေးတော့ ရှိသား ...” လို့ ပြောသည် ။ ချစ်စုစိတ်ထဲမှာတော့ ပိုးဟပ်ဖြူ
ကိုယ်လုံး မလှပါဘူး .. လို့ ပြောနေမိသည် ။ ဖရန်ကီ့အနားကို ကပ်ကပ်နေတဲ့ ပိုးဟပ်ဖြူကို ချစ်စု မနာလို
ဖြစ်နေသည် ။
ဖရန်ကီသည် ရေကူးဘောင်းဘီလေးနဲ့ ကိုယ်အပေါ်ပိုင်း ဗလာနဲ့ လက်နှစ်ဖက်ကို မြှောက်ထားသည် ။
ရေအမြဲ ကူးတဲ့လူမို့လားမသိဘူး ။ ဖရန်ကီရဲ့ ကိုယ်လုံးက အချိုးကျ သည် ..ကြည့်ကောင်းသည် လို့ ချစ်စု
ထင်သည် ။ ဖရန်ကီ လက်ချလိုက်တာနဲ့ မိန်းကလေးသုံးယောက် ရေကူးကန်ထဲ ဒိုက်ထိုးချပြီး ကူးခတ်ကြတော့
ကန်ဘေးမှာ ဝိုင်းထိုင်နေတဲ့ ချစ်စုတို့ အပါအဝင် သူငယ်ချင်းတွေ က အော်ဟစ် အားပေးကြတော့တာဘဲ ။ ချစ်စု
ပိုးဟပ်ဖြူ မရပါစေနဲ့လို့ ကျိတ်ဆုတောင်းနေပေမယ့် ဆုတောင်းက မပြည့်ဘူး ။ ပိုးဟပ်ဖြူ ပထမ ရသွားသည် ။
ချစ်စု မမြင်ချင်တာတွေ မြင်ရပါတော့သည် ။ ပိုးဟပ်ဖြူကို ဖရန်ကီက ပထမဆု ဖြစ်တဲ့ ပြိုင်စက်ဘီးလေးကို
ဆုအဖြစ်နဲ့ ပေးတာ ..။ဇလပ်ဖြူ ဆိုတာ ချစ်စုတို့ သိလိုက်ကြရသည် ။
အရမ်းကို ကျေနပ် ပီတိဖြစ်နေတဲ့ ပိုးဟပ်ဖြူသည် ဖရန်ကီ့ကိုတအားဖက်လိုက် ဆွဲလိုက်နဲ့ ..။ ပထမဆု
အဖြစ် ပြိုင်စက်ဘီးလေးကို ပိုးဟပ်ဖြူ ရသွားသည် ။ ပိုးဟပ်ဖြူက ..“ ကိုဖရန်ကီ ..ဇလပ်ဖြူနဲ့ ဘီးအတူတူ စီးမှာ
မဟုတ်လားဟင် ..” လို့ ချွဲတဲတဲ အသံလေးနဲ့ ပြောတာကို ချစ်စုတို့ ကြားလိုက်ကြရသည် ။ ဖရန်ကီက ..“ စီးမှာပေါ့
ဇလပ်ဖြူရယ် ...စီးချင်တဲ့နေ့ ဖုန်းဆက်လိုက် ...” လို့ ပြောသည် ။ မိန်းကလေးပြိုင်ပွဲ ပြီးသွားတော့ ယောကျ်ား
လေးပြိုင်ပွဲ စသည် ။ ရေကူးပြိုင်မယ့်လူတွေထဲ ဖရန်ကီလဲ ပါသည် ။ ဖရန်ကီရဲ့ အဝတ်မပါတဲ့ ကိုယ်အပေါ်ပိုင်းကို
ချစ်စု မကြည့်ရဲဘူး . .။ ရင်ဖို ရင်ခုံနေသည် ။ အထူးသဖြင့် ရေကူးဘောင်းဘီရဲ့ အရှေ့ သူ့ပေါင်ကြားက ဖုဖု
ဖေါင်းဖေါင်း ဖြစ်နေတဲ့ နေရာကို ကြည့်ပြီး ကြက်သီးတွေထ ..ရင်တွေ တုန်တာ ။
ဖရန်ကီတို့ ပြိုင်မယ့်လူတွေ တန်းစီနေချိန် တဖက်ထိပ်ကနေ လက်ပြပေးမယ့် လူက ပိုးဟပ်ဖြူ
ဖြစ်နေသည်။ ပိုးဟပ်ဖြူက ပိုးပုဝါစလေး တစကို လက်ထဲမှာ မြှောက်ကိုင်ထားနေသည် ။ သူ ဒီပုဝါစလေးကို
မြေကြီးပေါ်ကို လွှတ်ချလိုက်တာနဲ့ ပြိုင်ပွဲဝင်မယ့်လူတွေက ရေကန်ထဲကို ဒိုက်ထိုးဆင်းကာ ကူးကြရမှာ ဖြစ်သည်
ဇလပ်ဖြူ နေရာရနေတာ ချစ်စု စိတ်ထဲမှာ ပူလောင် ခံစားနေရသည် ။ ချစ်မိရင် မနာလို ဖြစ်သည် လို့ ထင်မိတာဘဲ ။
ပိုးဟပ်ဖြူ သို့မဟုတ် ဇလပ်ဖြူ သည် မခို့တရို့ အမူအရာလေးနဲ့ ရပ်နေသည် ။ မြှောက်ထားတဲ့ လက်ထဲမှာ
ပုဝါစလေး ရှိနေသည် ။
“ ချစ်စု ..ပိုးဟပ်ဖြူကို ကြည့်...တအားမြောက်နေသလိုဘဲ ...” လို့ ဟေမာငွေနှင်းက ပြောလိုက်တော့ မိမိဦးက ..“
မြောက်မှာပေါ့ဟာ..သူ့ကို ဖရန်ကီက အရေးပေး ဆက်ဆံတာကိုး ပိုးဟပ်ဖြူ က ပေါ့သေးသေး မဟုတ်ဘူး ဟဲ့ ...
သူ့အဖေက အကောင်ကြီးကြီးတယောက်လို့ ကြားတာဘဲ ...ဖရန်ကီ့ အဖေကလဲ..ယူတို့ သိတဲ့အတိုင်း စီးပွားရေး
ထိပ်သီးကြီး တယောက် ဆိုတော့ ပိုးဟပ်ဖြူတို့ အဖေကို ဖားနေရတာပေါ့ဟာ ...” လို့ သူသိသမျှ ပြောပြလေသည် ။
ဟော...ဇလပ်ဖြူ လက်ထဲက ပိုးပုဝါစလေး ကျသွားပြီ ..။ ဖရန်ကီတို့ ရေကန်ထဲ ဒိုက်ထိုးဆင်းကြပြီး ကူးခတ်
နေကြသည် ။ ချစ်စု ထင်တဲ့အတိုင်းပါ ။ ပထမဆုကို ဖရန်ကီ ရသည်။ ချစ်စု စိတ်ထဲ ကျိတ် ဆုတောင်း နေခဲ့တာ
...။ ဖရန်ကီ ရပါစေ..ရပါစေ...ဆိုပြီး ။ သူငယ်ချင်းတွေ လူငယ်တွေ လက်ခုပ်တီး အားပေးကြ အပြီး လက်ခုပ်သံတွေ
ထပ်ကြားလိုက်ရသည် ။
“ ချစ်စု..ကြည့်ကြည့်..အဲဒါ ဖရန်ကီ့ အဖေ နဲ့ အမေ ....”
ဟေမာငွေနှင်း ပြလို့ ချစ်စုလဲ ဖရန်ကီ့ကို ငေးမောနေရာက လက်ခုပ်တီးပြီး ရေကူးကန် အနားကို
လျောက်လာတဲ့ အသက်ငါးဆယ်လောက် ရှိတဲ့ စုံတွဲတတွဲကို တွေ့လိုက်ရသည် ။ ဖရန်ကီ့အဖေက အသားညိုညို
ထောင်ထောင်မောင်းမောင်း ..။ ရုပ်ရှင်မင်းသား လူမင်းတို့လို ပုံ ..။ ဖရန်ကီ့အမေက ရုပ်သန့်သန့် အသားဖြူဖြူ
ပိန်ပိန်ပါးပါး ...။ ဖရန်ကီ့အဖေက ဆုချီးမြှင့်ပေးမည် လို့ ကျေငြာနေသည် ။ ရေကူးပြိုင်ပွဲ ပြီးသွားတော့ ရေကူးကန်
ဘေးက စင်မြင့်ပေါ်ကို လူတစု တက်လာသည် ။ လူငယ်တွေ ဝိုင်းအော်ဟစ်လိုက်ကြတာ ဆူညံသွားသည် ။ ယနေ့
ခေတ် နံမည်ကြီးနေသော ရော့ခ် တေးဂီတအဖွဲ့ ဖြစ်နေသည် ။ လက်ခုပ်တွေ တီးကြ..လက်ခေါက်တွေ မှုတ်ကြ..
အော်ဟစ်အားပေးနေကြသည် ။ တီးဝိုင်းက မြူးမြူးကြွကြွ တေးသီချင်းတွေ စတင် တီးခတ်လိုက်တဲ့ ချိန်မှာဘဲ
အစားအသောက်တွေကို စားပွဲတွေမှာ အနက်ရောင် ဝတ်စုံတွေနဲ့ စားပွဲထိုးတွေက လိုက်ချတာ တွေ့လိုက်ရသည် ။
ဖရန်ကီ အဝတ်အစား ကောင်းကောင်း ပြန်ဝတ်ပြီး ခြံထဲ ပြန်ရောက်လာသည် ။ လူတွေက ဝိုင်းနုတ်ဆက်ကြ
..စကားပြောကြတာ ဖရန်ကီလဲ တော်တော်နဲ့ ချစ်စုတို့ စားပွဲဝိုင်းဆီ ရောက်မလာနိုင်ဘူး ..။ စင်မြင့်ပေါ်မှာလဲ
နံမည်ကြိး အဆိုတော်မ တယောက် ဆိုနေတာနဲ့ လူတွေ တအားသဘောကျ အားပေးနေကြသည် ။ ချစ်စုတို့ လူစုလဲ
အစားအသောက်တွေက ကောင်းလွန်းလို့ သဘောကျနေကြဆဲ ဖရန်ကီ ရောက်လာသည် ။ ချစ်စုတို့နဲ့ လာထိုင်ပြီး
စကားတွေ ပြောသည် ။ စင်မြင့်ပေါ်က အဆိုတော်မ က လာရောက်သူတွေ အားလုံးကို ဖရန်ကီတို့ မိသားစုက
အိမ်အပြန်မှာ အမှတ်တရ လက်ဆောင်ထုပ်လေးတွေ ပေးမှာ ဖြစ်တဲ့အကြောင်း ကျေငြာလိုက်တော့ လူတွေ အားလုံး
တခဲနက် လက်ခုပ်တီးကြ...အော်ဟစ်ကြသည် ။ တယ်လဲ ချမ်းသာတဲ့ မိသားစုပါလား...လို့ ချစ်စု စဉ်းစာနေတုံး
မိမိဦးနဲ့ ဟေမာငွေနှင်းတို့ နံမည်ကို ခေါ်လိုက်လို့ သူတို့နှစ်ယောက် စင်မြင့်ဖက်ကို အပြေးအလွှား ထွက်သွား
ကြသည် ။ ဒီအချိန်မှာ ဖရန်ကီက ချစ်စု လက်ထဲကို အထုပ်လေး တထုပ် လာထည့်သည် ။
“ ဒါ ချစ်စုအတွက် ...” ဆိုပြီး ...................................
(စ/ဆုံး) စာအုပ်ယူရန်
No comments:
Post a Comment